North America
လာမည့် ရက်သတ္တပတ်တွင် အစ္စရေးဝန်ကြီးချုပ်အား အမေရိကန်သမ္မတက လက်ခံတွေ့ဆုံသွားမည်ဟု အိမ်ဖြူတော်ထုတ်ပြန်

ဝါရှင်တန်၊ မတ် ၂၁ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် သည် မတ် ၂၅ မှ ၂၆ရက်အထိ အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟု (Benjamin Netanyahu ) အား လက်ခံတွေ့ဆုံသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော် က မတ် ၂၀ ရက်တွင်ပြောကြားခဲ့သည်။
နှစ်နိုင်ငံခေါင်းဆောင်များသည် မတ်လ ၂၅ ရက် အလုပ်သဘော တွေ့ဆုံမှုအတွင်း အရှေ့အလယ်ပိုင်း ဒေသ၌ ဆောင်ရွက်မှုများ၊ နှစ်နိုင်ငံအကျိုးစီးပွား နှင့် ပတ်သက်သော ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။
မတ် ၂၆ ရက်တွင် ထရမ့်သည် နေတန်ညာဟုအား ညစာဖြင့် တည်ခင်းဧည့်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။
အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo သည် လက်ရှိတွင် အရှေ့အလယ်ပိုင်းဒေသသို့ ၃ရက်တာ ခရီးစဉ်ရောက်ရှိနေပြီး ဂျေရုဆလင်မြို့တွင် နေတန်ညာဟုအား တွေ့ဆုံသွားမည်ဟု ခန့်မှန်းရကြောင်း သိရသည်။ (Xinhua)