Connect with us

North America

အမေရိကန်နိုင်ငံတွင် အဆောက်အဦ ထဲ လေယာဉ်ငယ်တစ်စီးပျက်ကျ၍ လူ၂ ဦးသေ၊ တစ်ဦးဒဏ်ရာရရှိ

ဖလော်ရီဒါပြည်နယ် ရှိ Fort Lauderdale မြို့တွင် ပျက်ကျခဲ့သည့်လေယာဉ်ငယ် အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ် ရှိ Fort Lauderdale မြို့ ရှိ အဆောက်အဦ တစ်ခုထဲသို့ ဒီဇင်ဘာ ၁ရက် က လေယာဉ်ငယ်တစ်စင်းပျက်ကျခဲ့ရာ လူ ၂ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

အော်တစ်ဇင် ကလေးငယ်များကုသရေးစင်တာ တစ်ခုအပေါ်သို့ လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ရာ လိုက်ပါလာသော လေယာဉ်မှူး နှင့် ခရီးသည် တစ်ဦး သေဆုံးခဲ့ကြောင်း Fort Lauderdale မြို့ မီးသတ်တပ်ရင်း အကြီးအကဲ Stephe Gollan ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းမီဒီယာ၌ဖော်ပြခဲ့သည်။

အဆိုပါ စင်တာသည် Fort Lauderdale Executive လေဆိပ်အနီးတွင်တည်ရှိပြီး လေယာဉ်ပျက်ကျမှုကြောင့် ထိခိုက်ပျက်စီးမှု ကြီးမားစွာဖြစ်ပေါ်ခဲ့ကာ မီးလောင်နေချိန်တွင် စင်တာအတွင်း ကလေးငယ် ၅ဦး နှင့် လူကြီး ၈ဦးရှိနေကြောင်း Gollan ကပြောကြားခဲ့သည်။ကလေးငယ်များအား အဆောက်အဦအတွင်းမှ ကယ်ထုတ်စဉ် ဆရာမတစ်ဦး အသေးစားဒဏ်ရာတစ်ခု ရရှိခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။လေယာဉ်ပျက်ကျမှုသည် နေ့လည် ၁း၂၀နာရီ နောက်ပိုင်း တွင် ဖြစ်ကြောင်း၊ အဆောက်အဦ၏ အပြင်ပိုင်း တော်တော်များများ မီးကျွမ်းခဲ့ပြီး နေ့လည် ၂နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သတင်းတစ်ခု ၌ပါရှိသည်။

ဖယ်ဒရယ်လေကြောင်းဦးစီးဌာန က အဆိုပါလေယာဉ်သည် Cessna 335 အမျိုးအစားဖြစ်ကြောင်း၊ Fort Lauderdale Executive လေဆိပ် မှ ထွက်ခွာလာပြီး ဖလော်ရီဒါပြည်နယ်မြောက်ပိုင်းရှိ Hilliard မြို့သို့ ဦးတည်ပျံသန်းနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။အမျိုးသားပို့ဆောင်ရေးဘေးကင်းလုံခြုံမှုဘုတ်အဖွဲ့က အဆိုပါ ဖြစ်စဉ်အား စုံစမ်းစစ်ဆေးနေကြောင်း ABC သတင်း၌ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.