North America
အမေရိကန် နိုင်ငံ ဂျော်ဂျီယာ ပြည်နယ် တွင် ရဲတပ်ဖွဲ့ဝင် အား တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိ
ဝါရှင်တန် ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)
အမေရိကန် နိုင်ငံ ဂျော်ဂျီယာ ပြည်နယ်တွင် စက်တင်ဘာ ၂၉ ရက်နေ့၌ ရဲတပ်ဖွဲ့ဝင် အား တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ အမျိုးသမီး ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး အခြားရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ကာ ရဲတပ်ဖွဲ့ မှ သံသယရှိသူ တစ်ဦးကို ဖမ်းဆီး ခဲ့ကြောင်း သိရှိခဲ့ရသည်။
တိုက်ခိုက်မှု သည် အမေရိကန် နိုင်ငံ Polk ခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့သည် ကားပျောက်ဆုံးကြောင်း တိုင်ကြားမှု အရ အခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း ၊ ရဲတပ်ဖွဲ့ဝင် နှစ်ဦး သည် အခင်းဖြစ်ပွားရာ နေရာသို့ရောက်ရှိချိန်တွင် သံသယ ရှိသူကို စစ်ဆေးမှု များဆောင်ရွက် ခဲ့ရာတွင် ပစ်ခတ်ခြင်း ခံခဲ့ရပြီး သေဆုံး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။
သေဆုံးခဲ့သည့် အမျိုးသမီး ရဲတပ်ဖွဲ့ သည် အသက် ၂၉ နှစ်ရှိ သူ Kristen Hearne ပြီး လုပ်ငန်းတာဝန် ထမ်းဆောင်စဉ် တွင် ကျည်ကာ အင်္ကျ ီမဝတ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် ဒဏ်ရာရရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင် ကို ဆေးရုံသို့ ပို့ဆောင် ခဲ့ပြီး ကုသမှု များဆောင်ရွက်ပေး နေကြောင်း သိရှိခဲ့ရသည်။
အခင်းဖြစ်ပွား ပြီးနောက်တွင် ရဲတပ်ဖွဲ့ မှ အတိုင်းအတာ ကြီးမား သည့် ရှာဖွေ ဖမ်းဆီးရေး လုပ်ငန်းဆောင်ရွက်ခဲ့ရာ သံသယ ရှိသူ တစ်ဦး ကို ဖမ်းဆီး နိုင်ခဲ့ပြီး ရဲတပ်ဖွဲ့ ၏ ပြောကြားချက်အရ သံသယ ရှိသူ သည် အသက် ၃၁ နှစ်အရွယ်ရှိသူ Spangler ဖြစ်ပြီး ၄ ကြိမ် ဖမ်းဆီးခြင်း ခံရဖူးသူ ဖြစ်ကာ ၂၀၁၅ ခုနှစ် တွင် မူးယစ်ဆေးဝါ သယ်ဆောင်မှု ကြောင့် ထောင်ကျခဲ့သူ ဖြစ်ပြီး ၂၀၁၆ ခုနှစ် တွင် ပြန်လည် လွတ်မြောက်လာသူ တစ်ဦး ဖြစ်ကြောင်း သိရှိရသည်။(Xinhua)