Connect with us

North America

အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ဆာရာဆန်ဒါးစ် ယခုလကုန်တွင် ရာထူးမှနုတ်ထွက်မည်

အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ဆာရာဆန်ဒါးစ်အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ယခုလကုန်တွင် အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ဆာရာဆန်ဒါးစ် ရာထူးမှနုတ်ထွက်မည်ဖြစ်ကြောင်း ဇွန်လ ၁၃ ရက်တွင် ပြောကြားလိုက်သည်။

ထရမ့်၏ တွစ်တာကြေညာချက်တစ်စုံတွင် ဆန်ဒါးစ်က ၎င်း၏ ဇာတိဖြစ်သော အာကန်ဆက်ပြည်နယ်သို့ ပြန်လာမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

“ဆန်ဒါးစ်က အံ့ဖွယ် အရည်အသွေးတွေရှိတဲ့ အလွန်ထူးခြားသူတစ်ယောက်ဖြစ်ပြီး မယုံနိုင်ဖွယ်ရာ လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ပါတယ်။ သူ့အနေနဲ့ အာကန်ဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု သမ္မတ ထရမ့်က ကြေညာချက်တွင် ရေးသားထားသည်။

အသက် ၃၆ နှစ်ရှိပြီဖြစ်သော ဆန်ဒါးစ်သည် ထရမ့်၏ အနီးကပ်လက်ထောက်များအနက်တစ်ဦးဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.