Connect with us

North America

ကနေဒါနိုင်ငံဘုရင်ခံချုပ် နယ်သာလန်နိုင်ငံ နှင့် ပိုလန်နိုင်ငံ တို့သို့သွားရောက်လည်ပတ်ရန်ရှိ

ကနေဒါနိုင်ငံဘုရင်ခံချုပ် ဂျုလီပရတ်တီအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

အော့တဝါ၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံဘုရင်ခံချုပ် ဂျုလီပရတ်တီ (Julie Payette) သည် ဒုတိယကမ္ဘာစစ် အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်ရန် သြဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၂ ရက် အထိ နယ်သာလန် နိုင်ငံ နှင့် ပိုလန်နိုင်ငံသို့ သွားရောက်လည်ပတ်ရန်ရှိကြောင်း ကနေဒါနိုင်ငံဝန်ကြီးချုပ်ရုံးက သြဂုတ် ၂၆ ရက် တွင် ပြောကြားခဲ့သည်။

ကနေဒါနိုင်ငံ ဘုရင်ခံချုပ် ၏ အလည်အပတ်ခရီးစဉ်ကာလအတွင်း နှစ်နိုင်ငံ၏ အစိုးရအဖွဲ့ခေါင်းဆောင်များ နှင့် တွေ့ဆုံရန်ရှိကြောင်း သိရသည်။

၎င်းခရီးစဉ်သည် သူမအနေဖြင့် ၂၀၁၇ ခုနှစ်တွင် ကနေဒါနိုင်ငံ၏ ဘုရင်ခံချုပ် ဖြစ်လာကတည်းက ဥရောပနိုင်ငံနှစ်နိုင်ငံသို့ သွားရောက်သည့် ပထမဆုံး တရားဝင်ခရီးစဉ်ဖြစ်သည်။

နယ်သာလန် နှင့် ပိုလန်နိုင်ငံအသီးသီး တို့မှ တစ်သန်းထက်ပိုသောနိုင်ငံသားများသည် ကနေဒါနိုင်ငံတွင် နေထိုင်လျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.