Connect with us

North America

ကနေဒါနိုင်ငံရှိ မူလတန်းကျောင်းတွင် ကာဗွန်မိုနောက်ဆိုဒ်ယိုစိမ့်မှုကြောင့် လူ ၄၃ဦး ဆေးရုံတင်ရ

ဓါတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားခဲ့သည့် Ecole des Decouvreurs မူလတန်းကျောင်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အော့တာဝါ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ Montrealမြို့ ရှိ မူလတန်းကျောင်းတစ်ခုတွင် ဇန်နဝါရီ ၁၄ရက်က ကာဗွန်မိုနောက်ဆိုဒ်ဓါတ်ငွေ့ ယိုစိမ့်မှုကြောင့် ကလေးငယ် ၃၅ဦး နှင့် အရွယ်ရောက်ပြီးသူ ၈ဦး အပါအဝင် ကနေဒါလူမျိုး ၄၃ဦး ကို ဆေးရုံသို့ိပို့ဆောင်ပေးခဲ့ရကြောင်း ပြည်တွင်းသတင်းဌာန CTV ကဖော်ပြခဲ့သည်။

Lasalle ရပ်ကွက်ရှိ ကျောင်းသား ၂၇၀ဦးတက်ရောက်နေသော Ecole des Decouvreurs မူလတန်းကျောင်း မှ ကျောင်းသား ၃၅ဦး နှင့် ကျောင်းဝန်ထမ်း ၈ဦး တို့သည် ဇန်နဝါရီ ၁၄ရက် နံနက် ၁၁း၃၀နာရီတွင် ရုတ်တရက်နေထိုင်မကောင်းဖြစ်ခဲ့ပြီး အဆိုပါကျောင်းသို့ အရေးပေါ်လူနာတင်ယာဉ်များ စေလွှတ်ခဲ့ကာ နေထိုင်မကောင်းသူများကို ကယ်ဆယ်ခဲ့ကြောင်းသိရသည်။

ဆေးရုံသို့ ရောက်ရှိလာသူများ၏ အခြေအနေများ တည်ငြိမ်လာပြီး စောင့်ကြည့်နေဆဲဖြစ်ကာ ၎င်းတို့သည် မူးဝေအော့အန်ခြင်းဝေဒနာများခံစားခဲ့ရကြောင်း သိရသည်။

ဓါတ်ငွေ့ယိုစိမ့်ရခြင်း၏ အဓိကအကြောင်းရင်းမှာ စာသင်ကျောင်း၏ အပူပေးစနစ်မှ လူသေစေနိုင်သည့် ကာဗွန်မိုနောက်ဆိုဒ် ဓါတ်ငွေ့များ အဆောက်အအုံအတွင်းသို့ ယိုစိမ့်လာခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ အဆောက်အအုံအတွင်းမှ လူအားလုံးကို ကယ်ထုတ်ပေးခဲ့ပြီး ယင်းအပူပေးစနစ်အား အလုပ်သမားများက ပြန်လည်မပြုပြင်မီ မီးသတ်တပ်ဖွဲ့ဝင်များက လေဝင်လေထွက်ကောင်းအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.