Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2102

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2102

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2102
Connect with us

North America

တက္ကဆက်စ်ပြည်နယ်ရှိ ကောလိပ်တစ်ခု၌ ပစ်ခတ်မှုဖြစ်ပွား ၂ ဦးသေဆုံး

အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ်ရှိ North Lake ကောလိပ်၌ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကျောင်းသားကျောင်းသူများအားတွေ့ ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တက္ကဆက်စ် ၊ မေ ၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်း ၊ တက္ကဆက်စ်ပြည်နယ် Irving မြို့ရှိ North Lake ကောလိပ်၌ မေလ ၃ ရက် နံနက်ပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ ၂ ဦးသေဆုံးသွားကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုသည် မေလ ၃ ရက် နံနက်အစောပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်သမား နှင့် ဒုတိယလူ တို့သည် အခင်းဖြစ်ပွားရာ ကောလိပ်ကျောင်းပရဝဏ်အတွင်းမှာပင် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။

North Lake ကောလိပ်က ၎င်းတို့၏ကျောင်းသားများအား အခင်းဖြစ်ပွားချိန်နံနက်ပိုင်းတွင် နီးစပ်ရာအခန်းတွင်းဝင်ရောက်၍ မိမိကိုယ်ကို ကာကွယ်ကြရန် သတိပေးတပ်လှန့်ခဲ့ကြောင်း နှင့် ရဲတပ်ဖွဲ့ထံမှ ညွှန်ကြားချက်ရောက်လာမည့် အချိန်ထိ စောင့်ဆိုင်းကြရန် အသိပေးထားကြောင်း သိရသည်။

လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များ ကျောင်းဝင်းအတွင်းဝင်ရောက်လာစဉ် ကျောင်းသားများသည် ကောလိပ်ကျောင်းဆောင်များအတွင်းသို့အပြေးအလွှားဝင်ရောက်သွားသည်ကို တွေ့ရကြောင်း မျက်မြင်သက်သေများက ဆိုသည်။ နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က လူသေအလောင်း ၂ လောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကောလိပ်ကျောင်းကို ပိတ်ထားဆဲဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များက အမှန်တကယ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရခြင်း ကိစ္စရပ်အပေါ် စုံစမ်းစစ်ဆေးလျက်ရှိသည်။ Irving မြို့သည် တက္ကဆက်စ်ပြည်နယ်အတွင်းရှိ အထင်ကရမြို့တစ်မြို့ဖြစ်သလို ကမ္ဘာ့အကြီးဆုံး ရေနံ နှင့် ဓာတ်ငွေ့ကုမ္ပဏီဖြစ်သော Exxon Mobil ကုမ္ပဏီအပါအဝင် ကုမ္ပဏီကြီးများ ရုံးစိုက်ထားရာ မြို့လည်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.