Connect with us

North America

အမေရိကန် နိုင်ငံ အောက်လွှတ်တော် က မြောက်ကိုရီးယား နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု အသစ် ဆောင်ရွက်ရန် အတည်ပြု

အမေရိကန် နိုင်ငံ လွှတ်တော် အစည်းအဝေး ခန်းမ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မေ ၅ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ အောက်လွှတ်တော် ၌ မေလ ၄ ရက်နေ့က မြောက်ကိုရီးယား နိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှု အသစ်များ ဆောင်ရွက်ရန် နှင့် ပတ်သက်၍ မဲခွဲ ဆုံးဖြတ်ခဲ့ရာတွင် ထောက်ခံမဲ ၄၁၉ မဲ ၊ ကန့်ကွက်မဲ ၁ မဲ ဖြင့် အတည်ပြုနိုင်ခဲ့ပြီး စစ်ဆေးရန် အတွက် အထက်လွှတ်တော် သို့ တင်သွင်းခဲ့ကြောင်း သိရှိရသည်။

ယင်း ဥပဒေမူကြမ်းအရ မြောက်ကိုရီးယား နိုင်ငံ မှ သင်္ဘောများသည် အမေရိကန် နိုင်ငံ ရေပိုင်နက် အတွင်း သွားလာခြင်း နှင့် အမေရိကန် နိုင်ငံ မှ ဆိပ်ကမ်းများသို့ ရပ်နားခြင်း တို့ကို တားမြစ်သွားမည့် အပြင် မြောက်ကိုရီးယား နိုင်ငံ မှ အတင်းအဓမ္မ စေခိုင်းကာ ထုတ်လုပ်ခဲ့သည့် ကုန်ပစ္စည်းများကို အမေရိကန် နိုင်ငံ ဈေးကွက်အတွင်း ဝင်ရောက်လာရန် ကိုလည်း တားမြစ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ဥပဒေမူကြမ်းတွင် ဒေါ်နယ်ထရမ့် အစိုးရ အား မြောက်ကိုရီးယား နိုင်ငံ ကို အကြမ်းဖက်ဝါဒ ထောက်ခံသည့် နိုင်ငံ စာရင်းတွင် ပြန်လည် ထည့်သွင်းခြင်း ပြုမပြု ကိုလည်း ရက်ပေါင်း ၉၀ အတွင်း သတ်မှတ်သွားရန် ကိုလည်း ပါဝင် ခဲ့သည်။

အမေရိကန် နိုင်ငံ က ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့၌ ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေးအတွက် ပိုမိုပြင်းထန်သည့် ပိတ်ဆို့အရေးယူမှု နှင့် နိုင်ငံခြားရေး ဆောင်ရွက်မှု တို့ဖြင့် ပူးပေါင်းထားသည့် ပုံစံဖြင့် ဆောင်ရွက်နေကြောင်း ၊ ဆွေးနွေးညှိနှိုင်းမှု အတွက် အမေရိကန် နိုင်ငံ မှ တံခါးအမြဲဖွင့်ပေးထားပြီး အချိန်တည်းတွင်လည်း အမေရိကန် နိုင်ငံ နှင့် မဟာမိတ်တို့၏ လုံခြုံရေး အတွက်လည်း ပြင်ဆင်မှုများ ဆောင်ရွက်ထားကြောင်း ကို ထုတ်ပြန်ကြေညာ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117