Connect with us

North America

တရားမဝင် ရွှေ့ပြောင်းသွားလာသူများကို နိုင်ငံရေးခိုလှုံခွင့်မပြုကြောင်း အမေရိကန် ပြောကြား

အမေရိကန်နိုင်ငံသို့ ဦးတည်လာသော ရွှေ့ပြောင်းသွားလာသူများကို တင်ဆောင်လာသည့်ထရပ်ကား တစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားခြင်းအား တားမြစ်သွားမည်ဖြစ်ကြောင်း အမေရိကန် အစိုးရက နိုဝင်ဘာလ ၈ ရက်က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူအားလုံးအနေဖြင့် တရားဝင် ဝင်ပေါက်တစ်ခုမှသာ ဝင်ရောက်သင့်ကြောင်း အမျိုးသား လုံခြုံရေးနှင့် ဆက်စပ်၍ အစိုးရ အဆင့်မြင့်အရာရှိ နှစ်ဦးက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။အဆိုပါ ဥပဒေသစ်သည် Central America နိုင်ငံများမှ အမေရိကန်-မက္ကဆီကို နယ်စပ်သို့ ဦးတည်ရွှေ့ပြောင်းလာသော ရွှေ့ပြောင်းသွားလာသူများကို တင်ဆောင်လာသည့်ယာဉ်တန်းကြီးအား ပစ်မှတ်ထား ဆောင်ရွက်သည့်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခြင်း ဖြစ်သည်။

အဆိုပါ ရွှေ့ပြောင်းသွားလာသူများကို တင်ဆောင်လာသည့်ယာဉ်တန်းကြီးကို “ကျူးကျော်မှု” အဖြစ် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ခွဲခြားလိုက်ပြီး ယင်း နယ်စပ်လုံခြုံရေးကို ကူညီရန် တပ်သားများအား ဖြည့်တင်းတပ်ဖြန့်ထားရန် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနထံ ညွှန်ကြားထားကြောင်း သိရသည်။ (Xinhua)