Connect with us

North America

မြောက်အတ္တလန္တိတ်ပင်လယ်ပြင်တွင် ပြင်းအား ၆.၃ အဆင့် ငလျင်လှုပ်ခတ်

ငလျင်တိုင်းတာမှု ပုံတစ်ခုအားတွေ့ရစဉ်(ဓါတ်ပုံ- အင်တာနက်)

မက္ကဆီကိုစီးတီး ၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ)

မြောက်အတ္တလန္တိတ်ပင်လယ်ပြင်တွင် နိုဝင်ဘာ ၁၁ရက်က ပြင်းအား ၆.၃ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး ယင်းငလျင်သည်မြေပြင်အောက်အနက် ၇.၃ ကီလိုမီတာ ကို ဗဟိုပြု လှုပ်ခတ်ခဲ့ ကြောင်း အမေရိကန် ဘူမိဗေဒ လေ့လာရေးဌာန(USGS)၏ ငလျင်သတင်းဝက်ဘ်ဆိုက်မှ သိရသည်။

လက်ရှိတွင် အနီးပတ်ဝန်းကျင်ရှိ နိုင်ငံနှင့်ဒေသများ၏ သေဆုံးဒဏ်ရာရမှု အခြေအနေကို ထုတ်ပြန်ထားခြင်းမရှိသေးကြောင်းသိရသည်။

အဆိုပါငလျင်သည် မက္ကဆီကိုစီးတီးတွင် နိုဝင်ဘာ ၁၁ ရက် ဒေသစံတော်ချိန် ၈:၀၃ နာရီတွင် မြောက်လတ္တီကျု ၁၅.၅၅၆ ဒီဂရီနှင့် အနောက်လောင်ဂျီကျု ၄၉.၈၆၈ ဒီဂရီအတွင်း ဗဟိုပြုလှုပ်ခတ် ခဲ့ခြင်း ဖြစ်ကြောင်း ၊ ငလျင်ဗဟိုချက်သည် ဘာဘေးဒိုးစ်နိုင်ငံ မြို့တော် Bridgetown နှင့် ၁၀၈၆ ကီလိုမီတာကွာဝေးပြီး ပြင်သစ် ဂိုင်ယာနာ၏ ပင်လယ်ကမ်းခြေမြို့ Kourouနှင့် ၁၁၈၉ ကီလိုမီတာ ကွာဝေးကြောင်း သိရသည်။

ယခု ငလျင်ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အနီးတဝိုက်ပင်လယ်ပြင်တွင် ငလျင်မကြာခဏ လှုပ်ခတ်လေ့ရှိ သော်လည်း ပတ်ဝန်းကျင်နိုင်ငံ၊ဒေသများနှင့် အလှမ်းဝေးသောကြောင့် သေဆုံးဒဏ်ရာရမှု အဖြစ်နည်း ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.