Connect with us

North America

တရုတ်နိုင်ငံထူထောင်ခြင်းနှစ်၇၀ပြည့် အခမ်းအနားသို့ အမေရိကန်သမ္မတဟောင်းကာတာဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့

တရုတ်နိုင်ငံ၌ နှစ် ၇၀ ပြည့် အမျိုးသားနေ့အခမ်းအနားကိုစည်ကားသိုက်မြိုက်စွာကျင်းပနေစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊အောက်တိုဘာ၂ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဟောင်းဂျင်မီကာတာ(Jimmy Carter)က တရုတ်ပြည်သူ့သမ္မတနိုင်ငံ(PRC)ထူထောင်ခြင်း နှစ်၇၀ပြည့် အထိမ်းအမှတ်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်းသဝဏ်လွှာတစ်စောင်ကို တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်ထံပေးပို့ခဲ့ကြောင်းသိရသည်။

“ လူကြီးမင်းတို့ရဲ့ကြီးကျယ်မြင့်မြတ်သော အမိနိုင်ငံတော်ကြီးမွေးဖွားခဲ့တဲ့နေ့ရက်ဟာ ကျွန်တော့်ရဲ့ မွေးနေ့အခါသမယနဲ့ထပ်တူကျရောက်ပါတယ်” ဟု ကာတာ၏ သဝဏ်လွှာတွင်ပါရှိသည်။

သမ္မတဟောင်းကာတာက ၂၀ရာစုအစောပိုင်းကာလတွင် တရုတ်ပြည်သူများမည်ကဲ့သို့ရုန်းကန်လှုပ်ရှားခဲ့ရသည်ကို မျက်မြင်ကိုယ်တွေ့သိရှိခဲ့ရကြောင်းနှင့်ပြီးခဲ့သောဆယ်စုနှစ် ၄ ခုတွင် လူသန်းပေါင်းများစွာကိုဆင်းရဲနွမ်းပါးမှုမှဆွဲတင်ပြီး ကမာ္ဘ့စီးပွားရေးဒုတိယအင်အားအကြီးဆုံးနိုင်ငံဖြစ် လာအောင် တရုတ်နိုင်ငံက မည်ကဲ့သို့အသွင်ကူးပြောင်းမှုပြုလုပ်ခဲ့သည်ကိုမြင်တွေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။

“ တရုတ်နိုင်ငံကိုကြီးမားတဲ့အောင်မြင်မှုတွေရအောင်ဉီးဆောင်ပေးခဲ့တဲ့ သမ္မတကြီးအတွက် ကျနော်နဲ့ ဇနီးသည်ရိုဆာလင်းတို့က ဆုမွန်ကောင်းတောင်းပေးပါတယ် ” ဟုသမ္မတဟောင်းကာတာ၏ သဝဏ်လွှာတွင်ပါရှိသည်။

ကာတာနှင့်ဇနီးရိုဆာလင်းက “ တရုတ်နိုင်ငံရဲ့အောင်မြင်မှုတိုင်းဟာပြည်တွင်းမှာ သဟဇာတဖြစ်ဖို့နဲ့ကြီးပွားတိုးတက်ဖို့ကမာ္ဘ့တည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး အတွက်အထောက်အကူပြုဖို့” အတွက်လည်း ဆုတောင်းစကားဆိုခဲ့သည်။

ကာတာသည်၁၉၇၇ ခုနှစ်မှ ၁၉၈၁ခုနှစ်အထိအမေရိကန်နိုင်ငံသမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး တရုတ်-အမေရိကန်နှစ်နိုင်ငံအကြားသံတမန်ဆက်ဆံရေး ထူထောင်ရန် ယခင်တရုတ်နိုင်ငံခေါင်းဆောင်တိန့်ရှောင်ဖိန်နှင့်အတူ ဆွေးနွေးညှိနှိုင်းမှု ထပ်မံပြုလုပ်ခဲ့သူလည်းဖြစ်ရာ ယင်းဆုံးဖြတ်ချက်ကို “ အမေရိကန်၊တရုတ်နှင့်ကမာ္ဘကြီးအတွက်အကျိုးပြုသည့်ဆုံးဖြတ်ချက်”ဟူ၍ပင် ခေါ်တွင်ခဲ့ကြသည်။(Xinhua)