North America
ထရန့်က မြောက်ကိုရီးယား ခေါင်ဆောင်နှင့်တွေ့ဆုံမည့်နေရာနှင့်အချိန်အား ရက်ပိုင်းအတွင်း ကြေညာ မည်ဟု ပြောကြား

ဝါရှင်တန် ၊ မေလ ၂ ရက်(ဆင်ဟွာ)
အမေရိကန်သမ္မတ ထရန့်က မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံမည့် အချိန်နှင့်နေရာအား ယခုရက်ပိုင်းများတွင် ကြေညာသွားမည်ဟု မေလ ၁ ရက်နေ့က အိမ်ဖြူတော်တွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။
ထရန့်က ကင်ဂျုံအန်းနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် မျှော်လင့်ကြောင်း၊ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်ရန်လည်း မျှော်လင့်ကြောင်း မီဒီယာများကို ထုတ်ဖော်ပြောကြားခဲ့သည်။
ကင်ဂျုံအန်းနှင့် တွေ့ဆုံဆွေးနွေးမည့်နေရာကို အမေရိကန်က စင်္ကာပူအပါအဝင် အခြားနိုင်ငံများ၌ လုပ်ရန် စဉ်းစားနေကြောင်း၊ထို့ပြင် တောင်၊မြောက်ကိုရီးယား စစ်မဲ့ဇုန်ရှိ “ငြိမ်းချမ်းရေးအိမ်တော် (Peace House)” သို့မဟုတ် “လွတ်လပ်ခြင်းအိမ်တော်(Freedom House)”တွင် တွေ့ဆုံဆွေးနွေး သွားရန်လည်း စဉ်းစားထားကြောင်း ထရန့်က မေလ ၃၀ ရက်က မီဒီယာများကို ထုတ်ဖော်ပြောကြား ခဲ့သည်။
ထိုမတိုင်မီ ထရန့်က ၎င်းနှင့်ကင်ဂျုံအန်း၏တွေ့ဆုံဆွေးနွေးမှုကို မေလ သို့မဟုတ် ဇွန်လ လဆန်းတွင် လုပ်ဆောင်ရန်ရှိသည်ဟု ပြောကြားထားသည်။ (Xinhua)