Connect with us

North America

အမေရိကန်က ဆီးရီးယားရှိ ISတပ်ကျန်များကို ပစ်မှတ်ထားတိုက်ခိုက်မှုများပြုလုပ်မည်ဟုဆို

ဆီးရီးယားရှိ ISအစွန်းရောက်များကို တိုက်ခိုက်မှုများ ပြုလုပ်နေသည်တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

ဝါရှင်တန် ၊ မေလ ၂ ရက်(ဆင်ဟွာ)

အမေရိကန်က နိုင်ငံတကာမဟာမိတ်တပ်ဖွဲ့၊ ဒေသခံတပ်ဖွဲ့များနှင့်အတူ ဆီးရီးယားရှိ IS အစွန်းရောက် တပ်ကျန် များကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Heather Nauertက မေလ ၁ ရက်က ထုတ်ဖော်ပြောကြားခဲ့သည်။

အမေရိကန်က IS ချေမှုန်းရေး နိုင်ငံတကာမဟာမိတ်တပ်ဖွဲ့၊ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) အပါအဝင် ဒေသခံတပ်ဖွဲ့များနှင့်အတူ ဆီးရီးယားရှိ IS အစွန်းရောက်နောက်ဆုံးတပ်ကျန်များကို တိုက်ခိုက်ချေမှုန်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ တူရကီ၊အစ္စရေး၊ဂျော်ဒန်၊အီရတ်၊ လက်ဘနွန် နိုင်ငံများ၏နယ်စပ်ဒေသအား ISတို့ ၏တိုက်ခိုက်နှောင့်ယှက်မှုများမရှိစေရန် ၎င်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ၊ထို့အပြင် လွတ်မြောက်ပြီးသောနယ်မြေ ဒေသများ၏တည်ငြိမ်မှုအတွက် ပူပေါင်းဆောင်ရွက်မှု များ တစ်ဆင့်တိုးမြှင့်လုပ်ဆောင်သွားလိုကြောင်း Heather Nauert၏ ထိုနေ့တွင်ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။

၂၀၁၄ ခုနှစ် သြဂုတ်လတွင် အမေရိကန်က အီရတ်နိုင်ငံအတွင်းရှိ ISတို့အား ပစ်မှတ်ထားလေကြောင်း တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့ပြီး ထိုနှစ် စက်တင်ဘာလတွင် လေကြောင်းတိုက်ခိုက်မှုနယ်ပယ်ကို ဆီးရီးယားနိုင်ငံအထိ တိုးချဲ့ခဲ့ရာ IS ချေမှုန်းရေး နိုင်ငံတကာမဟာမိတ်တပ်ကိုလည်း စတင်ဖွဲ့စည်းခဲ့ သည်။ ဆီးရီးယားအစိုးရက ၎င်းတိုက်ခိုက်မှုမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ခွင့်ပြုချက်မရရှိ သေးဘဲ လုပ်ဆောင်ခြင်းဖြစ်ပြီး အမေရိကန်၏လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားအရပ်သား ငအများစု သေဆုံးဒဏ်ရာရကြသည်ဟု အပြစ်တင်ပြောဆိုထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.