Connect with us

North America

နယူးယောက်ရှိ ထရမ့်တာဝါမီးလောင်မှုကြောင့် လူ ၂ဦး ဒဏ်ရာရရှိ

မီးလောင်မှုဖြစ်ပွားရာ ထရမ့်တာဝါသို့ မီးသတ်ကားများရောက်ရှိလာစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ထရမ့်တာဝါ ခေါင်မိုးတွင် ဇန်နဝါရီ ၈ ရက် နံနက်က မီးလောင်မှုဖြစ်ပွားရာ လူ၂ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း မီးသတ်ဋ္ဌာနက ကပြောကြားခဲ့သည်။

နယူးယောက်မြို့လယ်ခေါင် မန်ဟန်တန်ရပ်ကွက် ရှိ ၅၈လွှာ မိုးမျှော်တိုက်၏ ခေါင်မိုးတွင် နံနက် ၇နာရီ၌ မီးခိုးများထွက်နေသည်ကို ထောက်လှမ်းရေးတပ်ဖွဲ့က တွေ့ရှိခဲ့ကြောင်း နယူးယောက်မြို့ မန်ဟန်တန်ရပ်ကွက် မီးသတ်ဋ္ဌာန (FDNY) မီးသတ်တပ်ဖွဲ့မှူး Roger W.Sakowich က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် ၎င်း၏ မိသားစု အိမ်ဖြူတော်သို့ မပြောင်းရွှေ့ခင် အမှတ် (၅) ရိပ်သာလမ်းတွင် ရှိသော အဆိုပါအဆောက်အအုံတွင် နေထိုင်ခဲ့ကြောင်း သိရသည်။ မီးလောင်မှု ဖြစ်ပွားချိန်တွင် ထရမ့်သည် ဝါရှင်တန်မြို့သို့ ရောက်ရှိနေကြောင်း ၎င်း၏ အချိန်စာရင်းများအရ သိရသည်။

ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များသည် မီးဘေးအန္တရာယ်လုံခြုံရေး အား ဆက်သွယ်ခဲ့ပြီး ၎င်းသည် လေထွက်ပေါက်တစ်ခုမှ ထွက်လာသော မီးခိုးများကို ကင်မရာများအသုံးပြု၍ ရှာဖွေခဲ့ကြောင်း သိရသည်။

မီးသတ်တပ်ဖွဲ့က တာဝါ၏ လေအေးပေးမှု၊ အပူပေးမှု နှင့် လေဝင်လေထွက်စနစ်ဖြစ်သည့် HVAC စနစ်အတွင်း မီးလောင်မှုဖြစ်ပေါ်ခဲ့ပြီးနောက် နံနက် ၈နာရီကျော်တွင် မီးလောင်မှုအား ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း တွစ်တာ၌ရေးသားခဲ့သည်။

အပျက်အစီးများ နှင့် ထိခိုက်မိ၍ မီးသတ်သမား၁ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ဦးလည်း မီးခိုးမွှန်မှုကြောင့် ကယ်ထုတ်ခဲ့ရကြောင်း Sakowich၏ ပြောကြားချက်အရသိရသည်။

အမေရိကန်သမ္မတထရမ့်၏ သားတစ်ဦးဖြစ်ပြီး ထရမ့်အဖွဲ့အစည်း၏ အမှုဆောင်ဒုတိယဥက္ကဋ္ဌဖြစ်သည့် အဲရစ်ထရမ့် က ထရမ့်တာဝါ၏ခေါင်မိုးပေါ်ရှိ အအေးပေးတာဝါတွင် လျှစ်စစ်ကြောင့် မီးလောင်မှုအသေးစား ဖြစ်ပွားခဲ့ကြောင်း နှင့် အခင်းဖြစ်ပွားရာသို့ နယူးယောက်မီးသတ်တပ်ဖွဲ့ဝင်များ မိနစ်ပိုင်းအတွင်းရောက်ရှိလာပြီး အစွမ်းကုန်ကြိုးစား ငြိမ်းသတ်ခဲ့ကြောင်း တွစ်တာ၌ရေးသားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.