Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

ပထမဆုံး စာပို့လေယာဉ် အမေရိကန်မှ ကျူးဘားသို့ ရောက်ရှိ - Xinhua News Agency
Connect with us

North America

ပထမဆုံး စာပို့လေယာဉ် အမေရိကန်မှ ကျူးဘားသို့ ရောက်ရှိ

အမေရိကန်မှ ကျူးဘားသို့ ပထမဆုံး ရောက်ရှိလာသော စာပို့လေယာဉ်ပေါ်မှ ပါဆယ်ထုပ်များအား ဝန်ထမ်းတစ်ဦးက သယ်ယူနေစဉ် (ဓာတ်ပုံ- အင်တာနက်)

ဟာဗားနား၊ မတ် ၁၇ ရက် (ဆင်ဟွာ)

အမေရိကန်နှင့် ကျူးဘား နှစ်နိုင်ငံကြား အဆက်အသွယ် ပြန်လည် စတင်သည့် အနေဖြင့် ပထမဆုံး စာပို့ လေယာဉ်သည် ဟာဗားနားသို့ မတ်လ ၁၆ ရက်က ဆိုက်ရောက်လာခဲ့သည်။

IBC လေကြောင်းလိုင်းမှ လေယာဉ် SAAB 340 သည် ဒေသ စံတော်ချိန် နံနက် ၁၀း၀၀ နာရီတွင် ဟာဗားနားရှိ Jose Marti အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်ခဲ့ကြောင်း ကျူးဘား သတင်းအေဂျင်စီ (ACN) က ဖော်ပြထားသည်။

မတ်လ ၂၅ ရက်မှ စတင်၍ အမေရိကန်နိုင်ငံ မီယာမီမှ ကျူးဘားနိုင်ငံ ဟာဗားနားသို့ တစ်ပတ်လျှင် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များ၌ လေယာဉ် ၃ စင်းဖြင့် အပတ်စဉ် ပြေးဆွဲသွားမည် ဖြစ်ပြီး နှစ်နိုင်ငံမှ စာတိုက်ရုံးများ အားလုံး ထိုလမ်းကြောင်းအတိုင်း စာများ လက်ခံ၊ ပေးပို့နိုင်မည် ဖြစ်သည်။

ထိုဝန်ဆောင်မှု အသစ်မှာ လျင်မြန်၍ လုံခြုံစိတ်ချရသည့် စနစ်ဖြစ်ကြောင်း ကျူးဘားနိုင်ငံပိုင် စာတိုက် ကုမ္ပဏီ Correos de Cuba ၏ ဒုတိယ ဥက္ကဋ္ဌ Zoraya Bravo ကပြောသည်။ ၁၉၆၈ ခုနှစ်က နယူးယောက်မှ ရေတပ် သင်္ဘောဖြင့် ပေးပို့ခဲ့သည့် ပါဆယ်ဗုံးတစ်ခုကြောင့် ကျူးဘားနိုင်ငံ ဆက်သွယ်ရေး ဝန်ကြီးဋ္ဌာန၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး နောက် လုံခြုံရေးစနစ်မှာ ကျူးဘားအတွက် အလွန်အရေးပါမှု တစ်ခု ဖြစ်သည်။ (Xinhua)