North America
ဖီဂျီကျွန်း တောင်ပိုင်း၌ ပြင်းအား ၆.၅ အဆင့်ရှိ ငလျင်လှုပ်ခတ်

နယူးယောက် ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ)
ဖီဂျီကျွန်းများ၏ တောင်ပိုင်းတွင် (စက်တင်ဘာ ၁၆ ရက် ) ဂရင်းနစ်စံတော်ချိန် ၂၁:၁၁:၄၈ နာရီတွင် ပြင်းအား ၆.၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ဘူမိတိုင်းတာရေးဌာန ကဆိုသည်။
၎င်းငလျင်သည် အနက် ၅၆၉.၉၇ ကီလိုမီတာတွင် ဗဟိုပြု၍ တောင်လတ္တီကျူ့၂၅.၄၅၂၆ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျူ့၁၇၈.၂၁၉၈ အကြားတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကနဦးတိုင်းတာချက်များအရ သိရသည်။(Xinhua)