Connect with us

North America

Florence ဟာရီကိန်းကြောင့် အမေရိကန်အရှေ့ပင်လယ်ကမ်းခြေဒေသတွင် သေဆုံးသူ ၁၇ဦး ရှိ


ဝါရှင်တန်၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရှေ့ကမ်းရိုးတန်းရှိ မြောက်ကာရိုလိုင်းနား နှင့်တောင်ကာရိုလိုင်းနား ပြည်နယ်များ တွင် Florence ဟာရီကိန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် စက်တင်ဘာလ ၁၆ ရက် အထိ သေဆုံးသူ ၁၇ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

Florence ဟာရီကိန်းတိုက်ခတ်မှုကြောင့် မြောက် ကာရိုလိုင်းနားတွင် လူ ၁၁ ဦး သေဆုံးခဲ့သည်။ ပင်လယ်ကမ်းခြေမြို့လေးဖြစ်သည့် Wilmington မြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲ ပြီး လူနေအိမ်ပေါ်သို့ ကျိုးကျရာမှတစ်ဆင့် အိမ်အတွင်းရှိ မိခင်နှင့်မွေးကင်းစကလေးငယ်တစ်ဦး သေဆုံးကြောင်း ၊ Duplin ကောင်တီတွင် မော်တော်ယာဉ် ၃ စီး ရေထဲမျောပါသွားရာ လူ ၃ ဦး သေဆုံးကြောင်း ၊ Fayetteville မြို့ လူနေအိမ်မီးလောင်မှုဖြစ်ပွားရာ လင်မယား ၂ ဦး သေဆုံးကြောင်း ၊ Wayne ကောင်တီတွင် အသက် ၈၁နှစ် အရွယ် အမျိုးသားတစ်ဦး တိမ်းရှောင်စဉ် ချောလဲကျ သေဆုံးကြောင်း၊ Pender ကောင်တီနှင့်Lenoir ကော်တီတွင်လည်း စုစုပေါင်း လူ ၃ ဦး သေဆုံးခဲ့ ရာတွင် ဓတ်လိုက်ခြင်း ၊ နှလုံးရောဂါရုတ်တရကဖောက်ရာ အချိန်မီဆေးမကုသနိုင်ခြင်းတို့ကြောင့် သေဆုံးခဲ့ကြောင်း ၎င်း ပြည်နယ် သက်ဆိုင်ရာဌာနက ဆိုသည်။

မုန်တိုင်းတိုက်ခတ်ပြီးနောက် ပျက်စီးယိုယွင်းမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

မုန်တိုင်းတိုက်ခတ်ပြီးနောက် ပျက်စီးယိုယွင်းမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

မုန်တိုင်းတိုက်ခတ်ပြီးနောက် ပျက်စီးယိုယွင်းမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

မုန်တိုင်းတိုက်ခတ်ပြီးနောက် ပျက်စီးယိုယွင်းမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

တောင် ကာရိုလိုင်းနားပြည်နယ်တွင် Florence ဟာရီကိန်းကြောင့် မတော်တဆမှုဖြစ်ပွားရာမှ လူ ၆ ဦး သေဆုံးကြောင်း၊ Horryကောင်တီတွင် လင်မယား ၂ ဦးမှာ မီးပြတ်၍ မီးစက်အသုံးပြုရာမှတစ်ဆင့် ကာဗွန်မို နောက်ဆိုဒ်အဆိပ်သင့်သေဆုံးခဲ့ကြောင်း ၊Unionမြို့၊Georgetown ကောင်တီ၊ Kershaw ကောင်တီ နှင့်Lexington ကောင်တီများတွင် ဟာရီကိန်းကြောင့် ယာဉ်မတော်တဆမှုဖြစ်ပွားရာမှ လူ ၄ ဦး သေဆုံး ခဲ့ကြောင်းသိရသည်။

Florence ဟာရီကိန်းသည် စက်တင်ဘာ ၁၄ ရက်တွင် အမေရိကန် အရှေ့ပင်လယ်ကမ်းခြေကို ရောက်ရှိ လာပြီး အားပျော့သွားခဲ့ကြောင်း၊ လက်ရှိတွင် အပူပိုင်းလေဖိအားနည်းရပ်ဝန်းအဖြစ်ရှိနေပြီး လေတိုက် နှုန်းမှာ တစ်နာရီလျှင် ၆၁ ကီလိုမီတာ အောက် တိုက်ခတ်လျှက်ရှိသော်လည်း တောင် ကာရိုလိုင်းနား ပြည်နယ် ၊မြောက်ကာရိုလိုင်းနားပြည်နယ်များတွင် မိုးသည်းထန်စွာရွာသွန်းမည်ဖြစ် ကြောင်း သိရ သည်။ (Xinhua)