Connect with us

North America

ဗင်နီဇွဲလားနိုင်ငံပိုင် လေယာဉ် ၁၅ စင်းကို အမေရိကန်က နာမည်ပျက်စာရင်းသွင်း

ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုးလပ်စ်မာဒူရိုအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အစိုးရက ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro) အစိုးရအား ဖိအားပေးရန် လုပ်ဆောင်မှုအဖြစ် ဗင်နီဇွဲလားအစိုးရပိုင် Petroleos de Venezuela ရေနံကုမ္ပဏီ၏ လေယာဉ် ၁၅ စင်းကို ဇန်နဝါရီ ၂၁ ရက်က ရွေးချယ်ကာ နာမည်ပျက်စာရင်းသွင်းခဲ့ကြောင်း သိရသည်။ 

၎င်းလေယာဉ်အများစုကို မာဒူရိုအစိုးရ၏ အဆင့်မြင့်အရာရှိများက သွားလာရေးအတွက် အသုံးပြုခဲ့ကြပြီး အချို့မှာမူ အမေရိကန် စစ်လေယာဉ်များနှင့် မလုံခြုံသည့်အနေအထားနီးကပ်စွာတည်ရှိနေခြင်းကြောင့် ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာချက်တွင် ဖော်ပြထားသည်။

၎င်းလုပ်ဆောင်ချက်ကြောင့် အမေရိကန် ပြည်သူများအနေဖြင့် ယင်းလေယာဉ်များနှင့် အလုပ်လုပ်၍ ရတော့မည်မဟုတ်ကြောင်း သတိပေးချက် ရရှိခဲ့သည်။

အမေရိကန်သည် ဗင်နီးဇွဲလား အတိုက်အခံခေါင်းဆောင် ဂျူအန် ဂွိုင်ဒို (Juan Guaido) ကို ထောက်ခံပြီး ဗင်နီဇွဲလားအစိုးရကို ဆန့်ကျင်သည့်အနေဖြင့် စီးပွားရေးပိတ်ဆို့မှုများနှင့် သံတမန်ရေးဖြတ်တောက်မှုမူဝါဒအား ကျင့်သုံးလျက်ရှိသည်။

ယခုလအစောပိုင်းတွင်လည်း ဗင်နီဇွဲလား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၇ ဦးကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက နာမည်ပျက်စာရင်းသွင်းခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ဂွိုင်ဒိုနှင့် ကိုလံဘီယာနိုင်ငံတွင် ဇန်နဝါရီ ၂၀ ရက်က တွေ့ဆုံခဲ့စဉ် အမေရိကန်အနေဖြင့် ထောက်ပံ့ရေးလုပ်ဆောင်မှုများ ပိုမိုဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.