Connect with us

North America

အမေရိကန်နိုင်ငံ ဖလော်ရီဒါရှိ ဘုရားကျောင်းတစ်ခု၌ လူလေးဦး သေနတ်ပစ်ခံရ ၊ နှစ်ဦးသေဆုံး

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရဲကားများ ရောက်ရှိလာစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Riviera Beach ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုတွင် ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲပိုင်းက အသုဘအခမ်းအနားတစ်ခု ပြုလုပ်ပြီးနောက်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူလေးဦး သေနတ်ထိမှန်ခဲ့ကြောင်း နှင့် နှစ်ဦးမှာ သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

အဆိုပါ ပစ်ခတ်မှုသည် ဒေသစံတော်ချိန် ခန့်မှန်းခြေ မွန်းလွဲ ၂ နာရီ ၃၄ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်း Riviera Beach ရဲဌာန၏ ထုတ်ပြန်ချက်တစ်စောင် အရ သိရသည်။အသက် ၁၅ နှစ်အရွယ်လူငယ်တစ်ဦး နှင့် အမျိုးသားကြီးတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း ၊ အခြား အမျိုးသမီးကြီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးမှာ သေနတ်ဒဏ်ရာများ အသီးသီးရရှိခဲ့ရာ ဆေးရုံသို့ပို့ဆောင်၍ ကုသမှုပေးထားကြောင်း သိရသည်။ယင်းပစ်ခတ်မှုနှင့်ပတ်သက်၍ လည်ရှိအချိန်ထိ မည်သူ့ကိုမျှ ဖမ်းဆီးအရေးယူထားခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။(Xinhua)