Connect with us

North America

မက္ကဆီကို က သူခိုးရန်မှ ကာကွယ်ရန် ဓါတ်ငွေ့ပိုက်လိုင်းများတစ်လျှောက် လုံခြုံရေးတိုးမြှင့်မည်

မက္ကဆီကိုနိုင်ငံ ရှိ ဓါတ်ငွေ့ပိုက်လိုင်းတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မက္ကဆီကို စီးတီး၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ သမ္မတ Andres Manuel Lopez Obrador က ဓါတ်ငွေ့သူခိုးများ၏ ရန်မှ ကာကွယ်ရန် ၁၆၀၀ကီလိုမီတာရှည်လျားသော နိုင်ငံပိုင် Petroleos Mexicans (Pemex) ကုမ္ပဏီ ၏ ဂတ်စ်ပိုက်လိုင်း တစ်လျှောက် လုံခြုံရေးမြှင့်တင်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၀ ရက်ကပြောကြားခဲ့သည်။

မက္ကဆီကိုအစိုးရ သည် ဓါတ်ငွေ့ပိုက်လိုင်းများ နှင့် သန့်စင်စက်ရုံများအား ဓါတ်ငွေ့သူခိုးများ၏ ရန်မှ ကာကွယ်ရန် ဒီဇင်ဘာ ၂၇ ရက် မှ စ၍ စစ်တပ် တပ်ဖွဲ့ဝင် ၄,၉၀၀ဦးပါဝင်သည့် ပြင်းထန်သောအစီအစဉ်တစ်ခုကို ချမှတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။အဆိုပါ အစီအစဉ် အရ ဂတ်စ်ပိုက်လိုင်းများ ပိတ်ပစ်ခဲ့ပြီး ရလဒ်အနေဖြင့် ဓါတ်ငွေ့များကို ဓါတ်ငွေ့သယ်ယာဉ်များဖြင့် ဖြန့်ဖြူးပေးခဲ့သည်။ ယင်းသို့လုပ်ဆောင်မှုကြောင့် ဓါတ်ငွေ့ခိုးယူခံရမှုများကို လျှော့ချနိုင်ခဲ့သော်လည်း မက္ကဆီကို မြို့တော် အပါအဝင် အခြားပြည်နယ်များတွင် ဓါတ်ငွေ့ပြတ်တောက်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

မက္ကဆီကို သမ္မတ က တရားမဝင် ဓါတ်ငွေ့ခိုးယူမှုလုပ်ငန်းများမှ ငွေကြေးများကို ဖယ်ဒရယ်အစိုးရ၏ အလုပ်အကိုင်အစီအစဉ်များနှင့် ပညာတော်သင်အစီအစဉ်များ တွင်အသုံးပြုနိုင်မည်ဖြစ်သောကြောင့် ဓါတ်ငွေ့သူခိုးများကို ဆန့်ကျင်တိုက်ခိုက်ရာတွင် မက္ကဆီကိုနိုင်ငံသားများအားလုံး စုစည်းပါဝင်ပြီး Pemex ပိုက်လိုင်း အနီးနေထိုင်သူများကိုလည်း ဓါတ်ငွေ့သူခိုးများဖြင့် ပူးပေါင်းခြင်းမပြုရန် တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.