Connect with us

North America

မက္ကဆီကို နိုင်ငံ တွင် ဖြစ်ပွားခဲ့သည့် ငလျင်ကြောင့် သေဆုံးသူပေါင်း ၉၀ ဦး ထိရှိလာပြီး ကယ်ဆယ်ရေး လုပ်ငန်းများ အပြင်းအထန်ဆောင်ရွက်နေ


မက္ကဆီကို စီးတီး ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

မက္ကဆီ ကို နိုင်ငံ တွင် စက်တင်ဘာ ၇ ရက်နေ့ ညပိုင်းအချိန်၌ ဖြစ်ပွား ခဲ့သည့် အင်အား ရစ်(ခ်)တာစကေး (၈.၂) အဆင့်ရှိ ငလျင်ကြောင့် လက်ရှိချိန်တွင် လူပေါင်း ၉၀ ဦး သေဆုံးခဲ့ရပြီး မက္ကဆီကို နိုင်ငံ အစိုးရ အနေဖြင့် အင်အားအလုံးစုံ ကို အသုံးပြုကာ ကယ်ဆယ်ရေး လုပ်ငန်းများကို အပြင်းအထန် ဆောင်ရွက်နေကြောင်း သိရှိရသည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ ငလျင်ဒဏ် အပြင်းထန်ဆုံး ခံခဲ့ရသည့် Oaxaca ပြည်နယ် နှင့် Chiapas ပြည်နယ် တို့တွင် လူပေါင်း ၂ သန်းကျော် ဘေး ဒုက္ခခံခဲ့ရပြီး လက်ရှိချိန်တွင် လျှပ်စစ်ဒဏ်အား ပြန်လည် ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိခဲ့ရသည်။မက္ကဆီကို နိုင်ငံ သမ္မတ Nieto က စက်တင်ဘာ ၉ ရက်နေ့၌ ၎င်း၏ တွက်စ်တာ စာမျက်နှာတွင် ရေးသာရာ၌ မက္ကဆီကို နိုင်ငံ အစိုးရ အနေဖြင့် လက်ရှိချိန်တွင် ငလျင်ဖြစ်ပွားရာ ဒေသများသို့ အစားအသောက် နှင့် သောက်သုံးရေများ ရောက်ရှိအောင် ကြိုးပမ်း ပို့ဆောင်နေကြောင်း ရေးထားဖော်ပြခဲ့သည်။

မက္ကဆီကို နိုင်ငံ တွင် ငလျင် ဖြစ်ပွား ပြီးနောက် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

မက္ကဆီကို နိုင်ငံ တွင် ငလျင် ဖြစ်ပွား ပြီးနောက် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

မက္ကဆီကို နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး က အစိုးရ အနေဖြင့် ငလျင်ဖြစ်ပွားရာ ဒေသရှိ ဆေးရုံးများ ပြန်လည် အသုံးပြုနိုင်ရန် အတွက် အရေးပေါ် ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေပြီး ဆေးရုံ အစိတ်အပိုင်းအချို့ ပြန်လည် အသုံးပြုနိုင်ရန် အမြန်ဆုံး ဆောင်ရွက်နေကြောင်း ပြောကြား ခဲ့သည်။

မက္ကဆီကို နိုင်ငံ အမျိုးသား ငလျင်တိုင်းတာရေး စခန်း၏ ထုတ်ပြန်ချက် အရ ယခုတစ်ကြိမ် ဖြစ်ပွား ခဲ့သည့် ငလျင် သည် Chiapas ပြည်နယ် အနောက်တောင်ပိုင်း ၁၃၇ ကီလိုမီတာ အကွာအဝေးရှိ ပင်လယ်ပြင်တွင် ဖြစ်ပွား ခဲ့ပြီး အင်အား ရစ်(ခ်)တာစကေး (၈.၂) အဆင့်ရှိကြောင်း ၊ ငလျင် သည် မြေပြင်အောက်အနက် ၁၉ ကီလိုမီတာ တွင် ဗဟိုပြုလှုပ်ခတ် ခဲ့ပြီး စက်တင်ဘာ ၁၀ ရက်နေ့ နေ့လည်ပိုင်း အချိန်ထိ နောက်ဆုံးတွဲ ငလျင်ပေါင်း ၉၂၈ ကြိမ် ဖြစ်ပွားခဲ့ကာ အင်အား အပြင်းဆုံးအနေဖြင့် ၆.၁ အဆင့်အထိ ရှိကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.