Connect with us

North America

Apple ရဲ့ စမတ်ဖုန်းအသစ်များ ထွက်ရှိလာပြီ

စက်တင်ဘာလ ၁၂ ရက်တွင် ပြုလုပ်သော iPhone X ထုတ်လုပ်ပြသခြင်း အခမ်းအနားတွင် Apple အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်အား တွေ့ရစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

Apple Inc. ၏ စမတ်ဖုန်း ထုတ်လုပ်ခြင်း ၁၀ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် သွင်ပြင်ပုံသဏ္ဍာန်အသစ်များနှင့်အတူ နောက်ဆုံးပေါ် iPhone အသစ်များအား စက်တင်ဘာလ ၁၂ ရက်က ထုတ်ဖော်ပြသလိုက်သည်။

ယခု မိတ်ဆက်လိုက်သော ဖုန်းအသစ် iPhone 8 တွင် ကင်မရာအသစ်နှင့်အတူ Hardware အစိတ်အပိုင်း အသစ်များ၊ Hardware အား ထောက်ပံ့ပေးမည့် Software အသစ်များ ပါဝင်ပြီး ပိုမိုကောင်းမွန်သော ရုပ်ပုံများ၊ ဗီဒီယိုများနှင့် ဂိမ်းများ၊ Augmented Reality (AR) Feature များ ထည့်သွင်းထားကြောင်း Apple ၏ အမှုဆောင်အရာရှိချုပ် တင်မ်ကွတ် (Tim Cook) က ပြောကြားခဲ့သည်။

ထို့ပြင် အိုင်ဖုန်း ထုတ်လုပ်ခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်လုပ်လိုက်သော iPhone X တွင် မူလ အိုင်ဖုန်း ဗားရှင်းများအားလုံးထက် သွင်ပြင် အနည်းငယ်ကွာခြားမည် ဖြစ်ကြောင်း ကွတ်က ဆိုသည်။

ဥပမာအနေဖြင့် အဆိုပါ ဖုန်းတွင် ဖုန်း အသုံးပြုသူ၏ မျက်နှာကို မှတ်သားကာ ဖုန်းဖွင့်နိုင်မည့် “Face ID” စနစ် ပါဝင်မည် ဖြစ်သည်။

ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်း Cupertino မြို့ရှိ Apple Park ဟု လူသိများသော Apple ရုံးချုပ်သစ်နေရာအတွင်းက Steve Jobs Theater တွင် ပြုလုပ်သော အဆိုပါ ပြပွဲတွင် အိုင်ဖုန်း ထုတ်လုပ်ခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အားလုံးစောင့်မျှော်နေသော ဗားရှင်း အဆင့်မြှင့်တင်ထားသည့် အိုင်ဖုန်းအား ထုတ်ဖော်ပြခဲ့ခြင်း ဖြစ်သည်။

iPhone X သည် iPhone 10 အဖြစ် Apple က ထုတ်လုပ်လိုက်ခြင်းလည်း ဖြစ်သည်။

စီအီးအိုဟောင်း စတိဗ်ဂျော့စ်နှင့် လက်ရှိ စီအီးအို ကွတ်တို့က ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၉ ရက်တွင်စတင်ပြီး နည်းပညာ ထုတ်ကုန် တော်လှန်ရေးအဖြစ် iPhone အား စတင်ထုတ်လုပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.