Connect with us

North America

မိန်းကလေး ၁၂ ဦးကို ထိန်းသိမ်းထားသည့် အမေရိကန် တစ်ဦးအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုဖြင့် တရားစွဲခံရ

မိန်းကလေး ၁၂ ဦးအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်သည့် အသက် ၅၁ နှစ်အရွယ် လီ ကာပလန်အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဝါရှင်တန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ Pennsylvania ပြည်နယ်တွင် ရဲများက အမျိုးသား တစ်ဦး၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ မိန်းကလေး ၁၂ ဦးအား တွေ့ရှိခဲ့ပြီးနောက် ယင်း မိန်းကလေးများအနက် ဆယ်ကျော်သက် တစ်ဦးအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုဖြင့် အိမ်ရှင် အမျိုးသားအား တရားစွဲဆိုထားကြောင်း ဒေသဆိုင်ရာ မီဒီယာထံမှ သိရ သည်။

အသက် ၅၁ နှစ်အရွယ် လီ ကာပလန် (Lee Kaplan) ၏ နေအိမ် ထူးခြားမှုများနှင့် ပတ်သက်၍ အိမ်နီးချင်း တစ်ဦးက ဇွန်လ ၁၉ ရက်က ရဲသို့ တိုင်ကြားခဲ့သဖြင့် ရဲများက ဝင်ရောက် ရှာဖွေခဲ့ရာ မိန်းကလေး ၁၂ ဦးအား တွေ့ရှိခဲ့သည်။
နေအိမ်အတွင်း၌ ကာပလန်အား အသက် ၆ လမှ ၁၈ နှစ်အရွယ်အထိ ရှိသည့် မိန်းကလေး ၁၂ ဦး နှင့်အတူ တွေ့ခဲ့ရသည်။ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးက ရဲအား ပြောကြားချက်အရ အသက် ၃ နှစ် နှင့် အသက် ၆ လအရွယ် ကလေး နှစ်ဦးမှာ ၎င်းနှင့် ကာပလန်တို့၏ ကလေး ဖြစ်သည်ဟု ဆိုသည်။
ယင်း အသက် ၁၈ နှစ်အရွယ် မိန်းကလေးက ၎င်းအား မိဘများက မိသားစု ငွေကြေး ပြဿနာဖြေရှင်းရန် အသက် ၁၄ နှစ်အရွယ်ကတည်းက ကာပလန်ထံသို့ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲများကို ပြောပြခဲ့သည်။
ကျန်သည့် ကလေးငယ်များအား မည်သည့်နေရာက ဖြစ်ကြောင်း အတည်ပြုနေဆဲ ဖြစ်သည်။
ကာပလန်သည် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု၊ ဥပဒေအရ အရွယ်မရောက်သေးသူနှင့် ပေါင်းသင်း ဆက်ဆံမှုနှင့် မတော်တရော်ပြုမှုများ အပါအဝင် တရားစွဲဆိုမှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.