North America
ရီပက်ဘလစ်ကန် သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းရန် ပါတီတွင်း ထောက်ခံ ကိုယ်စားလှယ်မဲ အရေအတွက် ဒေါ်နယ်ထရမ့် ရရှိ

ဝါရှင်တန်၊ မေ ၂၇ ရက် (ဆင်ဟွာ)
ရီပက်ဘလစ်ကန် သမ္မတလောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် အမည်စာရင်း တင်သွင်းခြင်း ခံရရန် ကိုယ်စားလှယ်များ၏ ထောက်ခံမဲ ၁,၂၃၇ မဲအား မေလ ၂၆ ရက်၌ ဒေါ်နယ် ထရမ့်က ပြိုင်ဘက်မရှိ ရရှိခဲ့ကြောင်း အေပီ သတင်းဋ္ဌာန၏ ကိုယ်စားလှယ်လောင်း ရေတွက်ခြင်း နောက်ဆုံး စာရင်းအရ သိရသည်။
လက်ရှိတွင် ထရမ့်သည် ကိုယ်စားလှယ် ထောက်ခံမဲ ၁,၂၃၈ မဲ ရရှိထားပြီး ရီပက် ဘလစ်ကန်ပါတီဝင်များက ဇူလိုင်လတွင် ကျင်းပမည့် ပါတီညီလာခံ၌ ထရမ့်အား ထောက်ခံသွားမည် ဖြစ်သည်။
ယခုလ အစောပိုင်းက အင်ဒီယားနားတွင် ပြုလုပ်သည့် ပရိုင်မာရီ၌ ဒေါ်နယ် ထရမ့်က အရေးပါသည့် အောင်မြင်မှု ရရှိခဲ့ပြီး တစ်ချိန်တည်းမှာပင် ၎င်း၏ ပြိုင်ဘက် နှစ်ဦးဖြစ်သည့် တက္ကဆက် အထက်လွှတ်တော် အမတ် တက်ခ် ခရုဇ်နှင့် အိုဟိုင်းအိုးပြည်နယ် အုပ်ချုပ်ရေးမှူး ဂျွန်ကဆစ်တို့လည်း ပြိုင်ပွဲမှ နုတ်ထွက် သွားခဲ့သည်။
ထို့နောက် ထရမ့်အား မထောက်ခံခဲ့သော ရီပက်ဘလစ်ကန်များသည်လည်း တဖြည်းဖြည်း ထရမ့်အား ဘက်၌ ရပ်တည်လာခဲ့ကာ နိုဝင်ဘာလ အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ မှ တစ်ပြေးနေသည့် ဟီလာရီ ကလင်တန်နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရာတွင် ထရမ့်အား ကူညီပေးကြမည် ဖြစ်သည်။
ထိုကဲ့သို့ ပရိုင်မာရီတွင် အိမ်ခြံမြေ သူဋ္ဌေးကြီး ဒေါ်နယ်ထရမ့်၏ မမျှော်လင့်ထားသော အောင်မြင်မှုကြောင့် အံသြမှုများ နှင့် ရှုပ်ထွေးမှုများ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။ (Xinhua)