Connect with us

North America

၂၀၁၆ ခုနှစ်အတွင်း ပထမဆုံး အကြိမ် ရေနံစိမ်း တစ်စည်လျှင် ဒေါ်လာ ၅၀ ရောက်ရှိ

ရေနံဈေးနှုန်း အတက်အကျအား ဂရပ်ဖြင့် ပြသထားပုံ (ဓာတ်ပုံ- အင်တာနက်)

နယူးယောက်၊ မေ ၂၆ ရက် (ဆင်ဟွာ)

၂၀၁၆ ခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မေလ ၂၆ ရက်က ကမ္ဘာ့ရေနံစိမ်း တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၅၀ ကျော်သို့ ရောက်ရှိလာခဲ့သည်။

West Texas Intermediate (WTI) ၌ ရေနံစိမ်းသည် ဇူလိုင်လ အမှာအတွက် ဈေးနှုန်း ၂၈ ရာခိုင်နှုန်း မြင့် တက်ကာ ဒေါ်လာ ၄၉.၈၄ ရှိနေစဉ်တွင် မြောက်ပင်လယ်က ရေနံစိမ်း ဈေးနှုန်းက ၃၂ ရာခိုင်နှုန်း တက်လာကာ ဒေါ်လာ ၅၀.၀၆ စသဖြင့် အသီးသီး မြင့်တက်လာခဲ့သည်။
အမေရိကန် ရေနံ ထုတ်လုပ်မှုသည် ရက်သတ္တပတ်အတွင်း ၄.၂ သန်း ကျဆင်းသွားခဲ့ပြီးနောက် ယခုလို ရေနံ စိမ်းဈေး ပြန်လည် မြင့်တက်လာခဲ့ကြောင်း၊ ကနေဒါနိုင်ငံ အနောက်ပိုင်း ပြည်နယ်များ၌ တောမီးများ အကြီး အကျယ်လောင်ကျွမ်းခြင်းကြောင့် ရေနံ ထုတ်လုပ်မှုများ ကျဆင်းသွားခဲ့ကြောင်း အမေရိကန် စွမ်းအင် အချက်အလက်များဌာနအရ သိရသည်။
ကမ္ဘာ့ ရေနံ ထုတ်လုပ်မှုသည် ဝယ်လိုအားထက် များပြားလာခဲ့ခြင်းကြောင့် ၂၀၁၄ ခုနှစ် ဇွန်လက ရေနံစိမ်း တစ်စည်လျှင် အမြင့်ဆုံး ဒေါ်လာ ၁၁၀ ကျော်မှ ၆၀ ရာခိုင်နှုန်းကျော် ဈေးပြုတ်ကျသွားခဲ့သည်။ လွန်ခဲ့သည့် ၁၂ နှစ်အတွင်း ဈေးနှုန်းအနိမ့်ဆုံးအဖြစ် ဇန်နဝါရီလက မှတ်တမ်းတင်ခဲ့ပြီး ရေနံဈေးသည် ၇၅ ရာခိုင်နှုန်းကျော် ပြန်လည် မြင့်တက်လာခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.