North America
ဟာဝိုင်အီ ကမ်းခြေ၌ အမေရိကန် မရိန်းတပ်ဖွဲ့ ရဟတ်ယာဉ် နှစ်စီး တိုက်မိ

လော့စ်အန်ဂျလိစ်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)
အမေရိကန် မရိန်းတပ်ဖွဲ့ ရဟတ်ယာဉ် နှစ်စီးသည် တစ်စီးနှင့် တစ်စီး တိုက်မိပြီးနောက် ဟာဝိုင်အီ ကမ်းခြေရှိ Oahu ကျွန်း၏ မြောက်ပိုင်း ကမ်းခြေ၌ ဇန်နဝါရီလ ၁၄ ရက် ညက ပျက်ကျခဲ့ကြောင်း ဒေသခံ သတင်း မီဒီယာ တစ်ခုက ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည်။
အဆိုပါ မတော်တဆ ဖြစ်ရပ်သည် ဇန်နဝါရီလ ၁၄ ရက် ည ၁၀း၄၀ နာရီ (GMT 0840 ဇန်နဝါရီလ ၁၅ ရက်) တွင် ဖြစ်ပွားခဲ့ကြောင်း ကနဦး သတင်း ထွက်ပေါ်ခဲ့ပြီး ယင်း ရဟတ်ယာဉ် နှစ်စီးတွင် စုစုပေါင်း လူ ၁၂ ဦး လိုက်ပါလာကြောင်း အမေရိကန် ကမ်းခြေစောင့် တပ်ဖွဲ့ ပြောကြားချက်ကို ကိုးကား၍ ဒေသခံ မီဒီယာက ဖော်ပြခဲ့သည်။
ကမ်းခြေစောင့် တပ်ဖွဲ့နှင့် ဟိုနိုလူလူ မီးသတ်ဌာနတို့ ပူးပေါင်း၍ လေယာဉ် ပျက်ကျရာ နေရာ၌ အသက်ရှင် ကျန်ရစ်သူများအား ရှာဖွေရန် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။ (Xinhua)