North America
အစိုးရယန္တရားရပ်ဆိုင်းမှုအား အဆုံးသတ်ရန် အမေရိကန်လွှတ်တော်အမတ်များအကြား ဆွေးနွေးညှိနှိုင်းရာတွင်“ မူအားဖြင့် သဘောတူညီမှု” ရရှိ

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ)
နောက်ထပ် အမေရိကန်အစိုးရယန္တရားရပ်ဆိုင်းမှုအား ရှောင်လွှဲနိုင်ရန်အတွက် “ မူအားဖြင့်သဘောတူညီမှုတစ်ရပ်”ကို အမေရိကန်အထက်လွတ်တော် နှင့် အောက်လွှတ်တော် အမတ်များက ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းတွင် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
“ ကျွန်တော်အတွက် သိပ်ကို ကောင်းမွန်တဲ့ ညနေခင်းတစ်ခုပါ။ မူအားဖြင့် သဘောတူညီမှုတစ်ခုကို ဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု ရီဘတ်ဗလီကန် အောက်လွှတ်တော်အမတ် Shelby က သတင်းသမားများအားပြောကြားခဲ့သည်။
ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ Nita Lowey က တရားဝင်ထုတ်ပြန်ချက်ကို ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ပေးသွားရန် မျှော်လင့်ကြောင်း ဆိုခဲ့သည်။(Xinhua)