Connect with us

North America

ရည်းစားဖြစ်သူအား အဆုံးစီရင်ရန် တွန်းအားပေးခဲ့သည့် အမေရိကန်အမျိုးသမီးတစ်ဦးအား ထောင်ဒဏ်ချမှတ်

ပြစ်မှုကျူးလွန်ခဲ့သူ Michelle Carter (ဝဲ) နှင့် အဆုံးစီရင်ခဲ့သူ Conrad Roy III (ယာ)တို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

အမေရိကန်အမျိုးသမီးငယ်တစ်ဦးသည် ၎င်း၏ ရည်းစားဖြစ်သူအား အဆုံးစီရင်ရန် စာဖြင့် တွန်းအားပေးခဲ့ကြောင်း ပြစ်မှုထင်ရှားသဖြင့် ၎င်း၏ပြစ်ဒဏ်အား အမေရိကန်နိုင်ငံ အရှေ့ပိုင်း Massachusetts ပြည်နယ် တွင် စတင်ချခံနေရပြီဖြစ်ကြောင်း ပြည်တွင်းသတင်းဌာနက ဖေဖော်ဝါရီ ၁၁ရက် ကဖော်ပြခဲ့သည်။

အသက် ၂၂နှစ်အရွယ် Michelle Carter သည် ကိုယ်ထိလက်ရောက်မဟုတ်သော လူသတ်မှု ဖြင့်၂၀၁၇ခုနှစ်တွင် ထောင်ဒဏ် ၁၅လ ကျခံခဲ့ရပြီး ၎င်း၏ ပြစ်ဒဏ်အား အယူခံဝင်နေစဉ် ၎င်းအား လွတ်လပ်စွာ နေခွင့်ပြုခဲ့ကြောင်း သိရသည်။

Massachusetts ပြည်နယ် အထက်တရားရုံးက ပြီးခဲ့သော ရက်သတ္တပတ်တွင် ယင်းပြစ်မှုအား အတည်ပြုခဲ့ပြီး ၎င်းသည် ရည်းစားဖြစ်သူ Conrad Roy III သေဆုံးမှုဖြစ်စေသည့် လုပ်ဆောင်ချက်များကို ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

၂၀၁၄ခုနှစ်တွင် အသက် ၁၇နှစ်အရွယ် Carterသည် ၎င်း၏ ရည်းစားဖြစ်သူ အသက် ၁၈ နှစ်အရွယ် Roy အား အဆုံးစီရင်ရန် ဖုန်းခေါ်ဆိုမှုများ နှင့် စာတိုပေးပို့မှုများ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း အစိုးရရှေ့နေများကပြောကြားခဲ့သည်။

Roy သည် စတိုးဆိုင်၏ ကားပါကင်တစ်ခုရှိ ကာဗွန်မိုနောက်ဆိုဒ်ဓါတ်ငွေ့များ ဖြည့်ထားသော ပစ်ကပ်ထရပ်ကားပေါ်တွင် သေဆုံးသွားခဲ့ကြောင်းသိရသည်။

Roy အား မိမိကိုယ်ကို အဆုံးစီရင်ရန် Carter က အတင်းအဓမ္မစေခိုင်းခဲ့ပြီးနောက် ၎င်းသည် အကူအညီတစ်စုံတစ်ရာမှ မပေးခဲ့ကြောင်း၊ ၎င်းသည် Roy အသက်ရှူကြပ်၍ သေဆုံးသွားသည်ကို နားထောင်နေပြီး အကူအညီ တောင်းခံခြင်း (သို့) ထရပ်ကားပေါ်မှ ထွက်ရန် ပြောကြားခဲ့ခြင်းမရှိခဲ့ကြောင်း ပြည်နယ် အထက်တရားရုံး မှ တရားသူကြီး Scott Kafker က ရေးသားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.