North America
အမေရိကန်တွင် ပေါက်ကွဲမှုဖြစ်ပွားရာ လူ တစ်ဦးသေဆုံး၊ ၁၂ဦး ဒဏ်ရာရရှိ

ဟူစတန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ အနောက်မြောက်ဘက် ၃၂၅ကီလိုမီတာ ခန့်အကွာ Gatsville မြို့ရှိ ဆေးရုံတစ်ခု၌ ဇွန် ၂၆ ရက် နေ့လည်ပိုင်းတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ ဆောက်လုပ်ရေးဝန်ထမ်းတစ်ဦး သေဆုံးပြီး အခြားလူ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒေသခံရဲတပ်ဖွဲ့၏ပြောကြားချက်အရ ပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရရှိသူအားလုံးသည် ဆောက်လုပ်ရေးဝန်ထမ်းများဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားရခြင်းအကြောင်းရင်းကို သိရှိခြင်းမရှိသေးကြောင်း သိရသည်။
ပေါက်ကွဲမှုသည် လူဦးရေ ၁၂,၅၀၀ဦး နေထိုင်သည့် Gatesville မြို့ ရှိ Coryell Memorial ဆေးရုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)