Connect with us

North America

အမေရိကန် နိုင်ငံ နယူးယောက် မြို့တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွားရာ လူ ၃ ဦး သေဆုံး

အမေရိကန် နိုင်ငံ နယူးယောက် မြို့တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့သည့် နေရာ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ နယူးယောက် မြို့ Bronx ဒေသ တွင် ဇွန်လ ၂၂ ရက် နံနက်ပိုင်း က သေနတ် ပစ်ခတ်မှု ဖြစ်ပွားရာ လူ ၃ ဦး သေဆုံး ခဲ့ကြောင်း နယူးယောက် မြို့ ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

နယူးယောက်မြို့ ရဲတပ်ဖွဲ့ ရဲအရာရှိ တစ်ဦး က ဆင်ဟွာ သတင်းဌာန သို့ ပြောကြားရာတွင် Bronx ဒေသ တွင် ဖြစ်ပွား ခဲ့သည့် သေနတ် ပစ်ခတ်မှုကြောင့် အမျိုးသား ၂ ဦး နှင့် အမျိုးသမီး တစ်ဦး သေဆုံး ခဲ့ပြီး လက်ရှိချိန်တွင် ရဲတပ်ဖွဲ့ က ပစ်မှု ကျူးလွန်သူ ကို ဖမ်းဆီး နိုင်ရန် ကြိုးပမ်းနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ သတင်း မီဒီယာ များ က သေနတ်ပစ်ခတ်မှု သည် နံနက် ၉ နာရီ ၄၅ မိနစ်ခန့် တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း ၊ သေနတ် ပစ်ခတ်ခံရသည့် အမျိုးသား ၂ ဦး မှာ ဆေးရုံ သို့ မရောက်ရှိခင် သေဆုံးခဲ့ပြီး အမျိုးသမီး က ဆေးရုံ ၌ သေဆုံး ခဲ့ကြောင်း ၊ သေနတ် ပစ်ခတ်သူ ၏ ပြစ်မှု ကျူးလွန်ရသည့် အကြောင်းအရင်း အား လက်ရှိချိန်တွင် မသိရှိသေးကြောင်း ဖော်ပြခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.