Connect with us

North America

အမေရိကန်နိုင်ငံတွင် အမျိုးသား တစ်ဦး ပြစ်ဒဏ် မှားယွင်းစွာချမှတ်ခံရမှုကြောင့် ၃၈ နှစ်ကြာ ထောင်ဒဏ်ကျခံပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ရရှိ

မှားယွင်းစွာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသော အမေရိကန်နိုင်ငံသား Craig Richard Coley အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လော့စ်အိန်ဂျလိစ်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် လူသတ်မှု ကျူးလွန်သည်ဟူ၍ ၁၉၈၀ ခုနှစ်က မှားယွင်းစွာ ပြစ်ဒဏ် ချမှတ်ခြင်းခံရသော လက်ရှိ အသက် ၇၀ နှစ် အရွယ် Craig Richard Coley ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အား ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျယ်ရီဘရောင်းက နိုဝင်ဘာလ ၂၂ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

Coley သည် ၁၉၇၈ ခုနှစ်က လော့စ်အိန်ဂျလိလစ်မှ အနောက်ဘက် ၇၀ ကီလိုမီတာအကွာရှိ Simi Valley တွင် Rhonda Wicht နှင့် ၎င်း၏ လေးနှစ်အရွယ် သား Donald သေဆုံးမှုနှင့် ပတ်သက်၍ရှိသည့်အတွက် ဖမ်းဆီးခြင်းခံခဲ့ရသည်။ နှစ်နှစ်ကြာပြီးနောက် ၎င်းကိုယ်တိုင် ကျူးလွန်ခဲ့ခြင်း မရှိဘဲ အယူခံဝင်ခွင့်မရှိဘဲ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။

၂၀၁၅ ခုနှစ်တွင် အယူခံဝင်ခွင့် ဘုတ်အဖွဲ့မှတစ်ဆင့် စုံစမ်းစစ်ဆေးမှုအသစ် ပြုလုပ်ပေးရန် Coley က တောင်းဆိုခဲ့သည်။ နောက်ဆုံးတွင် ရဲစုံထောက် အရာရှိတစ်ဦးက Coley ၏ အမှုအား ကနဦး စစ်ဆေးခဲ့မှုသည် မှားယွင်းခဲ့သည်ကို ယုံကြည်သွားခဲ့သည်။

၎င်း၏ လွတ်ငြိမ်းချမ်းသာခွင့်သည် ကျေးဇူးတော်နေ့ အကြိုတွင် ထွက်ရှိလာခြင်း ဖြစ်ပြီး လူသတ်မှုများ မကျူးလွန်မီ ပြစ်မှုဆိုင်ရာ သမိုင်းမှတ်တမ်းမရှိခဲ့ကြောင်း၊ ထောင်အတွင်း နှစ်ပေါင်း ၄၀ နီးပါး နေထိုင်ခဲ့စဉ် ဂိုဏ်းများနှင့် အကြမ်းဖက်မှုများတွင် ပါဝင်ခဲ့ခြင်း မရှိခဲ့ဘဲ စံပြအကျဉ်းသားအဖြစ် နေထိုင်သူခဲ့ကြောင်း Brown က ပြောကြားခဲ့သည်။

“အကျဉ်းထောင်အတွင်း တရားမျှတမှုမရှိဘဲ မှားယွင်း ပြစ်ဒဏ် ချမှတ်ခံရတဲ့ ကာလရှည်ကို မစ္စတာ Coley အနေနဲ့ ကြံ့ကြံ့ခံနိုင်ခဲ့တာဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့်ပါပဲ။ ဒီလိုဖြစ်ရပ်မျိုးက ထူးခြားတဲ့ ဖြစ်ရပ်ပါပဲ” ဟု၍ လွတ်ငြိမ်းချမ်းသာခွင့် ဖတ်ကြားခဲ့သည်။

Coley အား ထောင်မှ ချက်ချင်း လွှတ်ပေးရန် ပြည်နယ်အုပ်ချုပ်ရေးမှူးက California Department of Corrections ထံ ညွှန်ကြားခဲ့ပြီး အမှန်တကယ် ပြစ်မှု ကျူးလွန်သူအား တရားဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လွတ်ငြိမ်းချမ်းသာခွင့်မရမီ နှစ်ရက်အကြာက DNA စမ်းသပ်ချက်အရ Coley မှာ မှားယွင်းစွာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်းနှင့် အပြစ်မဲ့ကြောင်း Simi Valley ရဲဋ္ဌာနနှင့် Ventura နယ်မြေ ခရိုင် ရှေ့နေချုပ်ရုံးက ကြေညာခဲ့သည်။

“ဒါဟာ အရမ်းကို ရှော့ခ်ရပြီး ကြောက်စရာကောင်းတဲ့ သတိပေးမှု တစ်ခုလဲ ဖြစ်သွားခဲ့ပါတယ်။ နှစ်ပေါင်း ၄၀ နီးပါး တရားစီရင်မှု မှားယွင်းတာကို ခံစားခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်” ဟု Ventura နယ်မြေ ခရိုင် ရှေ့နေချုပ် Gregory Totten က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.