Connect with us

North America

အမေရိကန်နိုင်ငံသမ္မတ ထရမ့် က အီရန်အားစစ်ရေးတုံ့ပြန်မှု လတ်တလောမပြုလုပ် ဟုဆုံးဖြတ်

အမေရိကန်လေတပ်၏ RQ-4A Global Hawk မောင်းသူမဲ့လေယာဉ်တစ်စီး အားတွေ့ရစဉ်။(အင်တာနက်)

ဝါရှင်တန်၊ဇွန် ၂၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် က အမေရိကန်လေတပ်၏ မောင်းသူမဲ့လေယာဉ် ဒရုန်းတစ်စီး အား အီရန်ကပစ်ချခဲ့ခြင်းနှင့်ပတ်သက်၍ အီရန်နိုင်ငံအပေါ်လတ်တလောစစ်ရေးလက်တုံ့ပြန်မှုလတ်တ လောပြန်လည်ပြုလုပ်မှုမပြုရန် ဇွန် ၂၀ ရက် ညနေပိုင်းတွင်ဆုံးဖြတ်ခဲ့ကြောင်း အမေရိကန်သတင်းဌာန များကဖေါ်ပြခဲ့ကြကြောင်းသိရသည်။

အမေရိကန်နိုင်ငံအစိုးရပိုင်း၏ အဆင့်မြင့်အရာရှိကြီးများ၏ပြောကြားချက်များအရ New York Times သတင်းစာကရေးသားခဲ့ရာတွင် သမ္မတထရမ့် က အီရန်နိုင်ငံအတွင်း ပစ်မှတ်များစွာကို ရေဒါနှင့်ဒုံးပျံ လက်နက်ကြီးများဖြင့်တိုက်ခိုက်ရန်အစောပိုင်းကအတည်ပြုခဲ့ကြောင်း၊သို့သော်အဆိုပါစစ်ဆင်ရေးအား ထရမ့် ကပြန်လည်ဖျက်သိမ်းခဲ့သည်ဟု အဆင့်မြင့်အစိုးရအရာရှိတစ်ဦးက ပြောခဲ့ကြောင်းဖြင့်ဖေါ်ပြခဲ့ သည်။

အဆိုပါ အဆင့်မြင့်အစိုးရအရာရှိက “လေယာဉ်တွေကတော့ လေထဲမှာရော၊သင်္ဘောတွေပေါ်မှာရော အသင့်ရှိနေခဲ့ပါတယ်၊ဒါပေမယ့်ဒီအခြေအနေကိုပြန်လည်ဖျက်သိမ်းဖို့ အမိန့်ရောက်လာတဲ့အထိဒုံးပျံနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေမပြုခဲ့သေးပါဘူး” ဟုပြောကြားခဲ့ကြောင်းသိရသည်။

သမ္မတထရမ့် အနေဖြင့် စစ်ရေးတိုက်ခိုက်မှုများ အီရန်နိုင်ငံကိုပြုလုပ်သွားရန် ၎င်း၏သဘောထားကို နောက်ဆုံးအချိန်တွင် မည်သည့်အတွက်ကြောင့် ပြောင်းလဲခဲ့သနည်းဆိုသည်ကိုမူ မသိရှိရကြောင်း သတင်းတွင်ဖေါ်ပြခဲ့သည်။

အမေရိကန်စစ်တပ် က ၎င်း၏ RQ-4A Global Hawk မောင်းသူမဲ့လေယာဉ်တစ်စီးမှာ ဇွန်လ ၁၉ ရက် တွင်ခန့်မှန်းခြေအားဖြင့်ဂရင်းနစ်စံတော်ချိန် ၂၃၃၅ နာရီ၌ အီရန်၏ မြေပြင်မှဝေဟင်ပစ်ဒုံးပျံဖြင့်ပစ်ခတ် မှုကြောင့်ပျက်ကျခဲ့ကြောင်း ဇွန်လ ၂၀ ရက်တွင်အတည်ပြုခဲ့သည်။ သို့ရာတွင် အီရန်နိုင်ငံကမူအဆိုပါ မောင်းသူမဲ့လေယာဉ်မှာ အီရန်နိုင်ငံ၏နယ်နိမိတ်များကိုဖြတ်ကျော်ကာဝင်ရောက်လာ၍ နိုင်ငံ၏တောင် ပိုင်းတွင်ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ထရမ့်က “အီရန်ကတော့ အလွန်ဆိုးရွားတဲ့အပြုအမူတစ်ခုကို ပြုလုပ်ခဲ့တာပဲ၊ခုလို ပစ်ချခဲ့တာက အဖုအထစ်တစ်ခုဖြစ်လာစေပြီး အမေရိကန်နိုင်ငံအနေနဲ့ သည်းခံလိမ့်မှာမဟုတ်ဘူး” ဟု လည်း ဇွန်လ ၂၀ ရက်ကသတင်းထောက်များအားပြောကြားခဲ့သည်။

အမေရိကန်အစိုးရက အီရန်နျူကလီးယားသဘောတူစာချုပ်မှပြန်လည်နုတ်ထွက်ကြောင်းနှင့်အီရန်နိုင် ငံအပေါ် အမြင့်ဆုံးပိတ်ဆို့မှုများပြန်လည်စတင်ရန် ဆုံးဖြတ်ခဲ့သည်မှစ၍ မြင့်တက်လာခဲ့သော အမေရိ ကန်နိုင်ငံနှင့်အီရန်နိုင်ငံအကြားတင်းမာမှုများကို ယခုဖြစ်ရပ်ကထပ်မံ၍ မီးလောင်ရာလေပင့်ပေးသကဲ့ သို့ဖြစ်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.