North America
အမေရိကန်နိုင်ငံ၌ အင်အားအလွန်ပြင်းထန်သော လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် သေဆုံးသူ ၂၂ ဦးထိရှိလာ

ဝါရှင်တန် ၊ မတ် ၄ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံ တောင်ပိုင်းရှိ အယ်ဘားမားပြည်နယ်(Alabama) နှင့် ဂျော်ဂျီယာပြည်နယ်(Georgia) တို့တွင် “ အလွန်ကြီးမားပြီး ဖျက်အားပြင်းသော” လေဆင်နှာမောင်းများ ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး သေဆုံးသူ ၂၂ ဦးထိရှိလာခဲ့ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ NBC သတင်းဌာနက ဖော်ပြခဲ့သည်။(Xinhua)