Connect with us

North America

မက္ကဆီကိုနိုင်ငံရှိ ဒုက္ခသည်များ စောင့်ရှောက်မှုတိုးလာရန် အေဂျင်စီများ သဘောတူညီချက် လက်မှတ်ရေးထိုး

မက္ကဆီကိုနိုင်ငံအတွင်းရှိ ရွေ့ပြောင်းနေထိုင်သူအားတွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကို စီးတီး၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံတွင် ခိုလှုံခွင့်တောင်းခံနေသော နိုင်ငံခြားသားများအား အလေးထားစောင့်ရှောက်မှု တိုးတက်ကောင်းမွန်လာစေရန် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ဒုက္ခသည်များအကူအညီပေးရေး အေဂျင်စီများသည် ဖေဖော်ဝါရီ ၂၆ ရက်က သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားချက်အရ သိရသည်။

ယင်း သဘောတူညီချက်သည် အခြေခံအားဖြင့် ရှေးဦးသူနာပြု၊ လူသားချင်းစာနာထောက်ထားမှု အကူအညီအပါအဝင် ၎င်းအဖွဲ့အစည်း ငွေကြေးသုံးစွဲမှုနှင့် ခိုလှုံခွင့်ရရှိရန် ကြိုးစားသူများကို အေဂျင်စီများအနေဖြင့် ကောင်းမွန်စွာဆောင်ရွက်ပေးရေးများပါဝင်ကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက်ကို အမျိုးသားလူဝင်မှုကြီးကြပ်ရေး၏ ခေါင်းဆောင် Tonatiuh Guillenနှင့် မက္ကစီကိုနိုင်ငံ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီ ခေါင်းဆောင် Andres Ramirezတို့ လက်မှတ်ရေး ထိုးခဲ့ကြောင်း သိရသည်။

မက္ကဆီနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှစ၍ ခိုလှုံခွင့်တောင်းခံလျှောက်ထားသူများ တစ်ဟုန်ထိုးမြင့်တက်လာခဲ့ရာ အဓိကအားဖြင့် အမေရိကန် အလယ်ပိုင်းနိုင်ငံများဖြစ်သည့် ဟွန်ဒူးရပ်စ်(Honduras)၊ကွတီမာလာက (Guatemala) နှင့် အယ်လ်ဆာဗေးဒိုး(Salvador) တို့မှ ပြောင်းရွေ့နေထိုင်သူများမြင့်တက်လာသည်။၎င်းတို့က မက္ကဆီကိုနိုင်ငံကို ဖြတ်ကာ အမေရိကန်သို့ ဝင်ရောက်ရန် ကြိုးစားခဲ့ကြပြီး အထောက်အထားမဲ့ ပြောင်းရွေ့နေထိုင်သူများကို နိုမ်နင်းမှုပြုလုပ်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.