Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် လေယာဉ်ပျက်ကျမှုကြောင့် လေးဦး သေဆုံး - Xinhua News Agency
Connect with us

North America

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် လေယာဉ်ပျက်ကျမှုကြောင့် လေးဦး သေဆုံး

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် ပျက်ကျခဲ့သည့် လေယာဉ်အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟူစတန်၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် College Station မြို့၏ အရှေ့တောင်ဘက်ရှိ နာရီဝက်ခန့် ခရီးသွား ရသည့် Navasota မြို့တွင် ဖေဖော်ဝါရီလ ၂၈ ရက်က လေယာဉ်တစ်စီး ပျက်ကျခဲ့မှုကြောင့် ကလေးငယ် နှစ်ဦး အပါအဝင် လူလေးဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းလေယာဉ်သည် ထိုင်ခုံလေးခုံပါ အင်ဂျင်တစ်လုံးတပ် Cirrus SR-20 လေယာဉ်ငယ် ဖြစ်ပြီး လေဆိပ်သို့ ဆင်းသက်ရန် ပြင်ဆင်နေစဉ် ဒေသစံတော်ချိန် ၁၀ နာရီ၌ ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ပြည်တွင်း ရုပ်သံ ထုတ်လွှင့်ရေး ABC13 ကဖော်ပြခဲ့သည်။

အဆိုပါ လေယာဉ်ငယ်အား Air Akhtar ကုမ္ပဏီက ပိုင်ဆိုင်ပြီး ဟူစတန်မြို့ ရှိ David Wayne Hooks လေဆိပ်မှ ဒေသစံတော်ချိန် ၈း၁၇ နာရီတွင် ထွက်ခွာလာခဲ့ရာ Navasota လေဆိပ်နားတွင် ၉း၂၀ နာရီ၌ ပျက်ကျခဲ့ခြင်း ဖြစ်ပြီး လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် လေးဦးစလုံး သေဆုံးခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က အဆိုပါ လေယာဉ် ပျက်ကျမှုသည် ကြုံတောင့်ကြုံခဲ ပျက်ကျမှု တစ်ခုဖြစ်ပြီး ဖယ်ဒရယ် လေကြောင်း အုပ်ချုပ်ရေး (FAA) က လေယာဉ် ပျက်ကျရခြင်း အကြောင်းရင်းကို စတင် စုံစမ်းနေကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.