North America
အမေရိကန်၌ ကျောင်းကားတိမ်းမှောက်ရာ အနည်းဆုံး ကလေးငယ် ၆ ဦးသေဆုံး

ဝါရှင်တန်၊နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံ တန်နက်စ်စီ(Tennessee) ပြည်နယ်၌ နိုဝင်ဘာလ ၂၁ ရက်က ကျောင်းကြိုယာဉ်တစ်စီးသည် လမ်းဘေးသစ်ပင်အား ဝင်တိုက်ခဲ့ပြီးနောက် တိမ်းမှောက်သွားခဲ့ရာ အနည်းဆုံးကလေးငယ် ၆ ဦးသေဆုံးပြီး ၂၃ ဦးကျော် ထိခိုက်ဒဏ်ရာရသွားကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့သည်။
ကလေးငယ် ၅ ဦးမှာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ကျန်တစ်ဦးမှာ ဆေးရုံတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။ တန်နက်စ်စီပြည်နယ် ၊ Chattanooga မြို့တွင် တိမ်းမှောက်သွားသော ကျောင်းကြိုယာဉ်ပေါ်တွင် ကလေးငယ် ၃၅ ဦးလိုက်ပါလာကြောင်း Hamilton Connty ခရိုင် ရှေ့နေချုပ် Neal Pinkston ၏ ပြောဆိုချက်အရ သိရသည်။
အဆိုပါ ကလေးငယ်များသည် မူကြိုကျောင်းသူ/ကျောင်းသားလေးများဖြစ်ကြောင်း ဒေသတွင်းသတင်းစာများအရ သိရသည်။
ယခုဖြစ်စဉ်သည် မကြာသေးမီရက်ပိုင်းအတွင်း တန်နက်စ်စီပြည်နယ်၌ ဖြစ်ပွားခဲ့သော ဒုတိယအကြိမ်ကျောင်းကြိုပို့ယာဉ်တိမ်းမှောက်မှုဖြစ်သည်။ ပြီးခဲ့သော နိုဝင်ဘာလ ၁၈ ရက်က တန်နက်စ်စီပြည်နယ်မြို့တော် Nashville ၌ ဖြစ်ပွားခဲ့သော ကျောင်းကြိုယာဉ် တိမ်းမှောက်မှုတွင် ကျောင်းသား ၂ ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။(Xinhua)