Connect with us

North America

သမ္မတအိုဘားမားက လူပုဂ္ဂိုလ် ၂၁ ဦးအား လွတ်လပ်ခြင်းဆုတံဆိပ် အပ်နှင်း

အမေရိကန်နိုင်ငံသမ္မတအိုဘားမားက ဘက်စ်ကတ်ဘောချန်ပီယံဟောင်း မိုက်ကယ်ဂျော်ဒန်အား လွတ်လပ်ခြင်း ဆုတံဆိပ် ချီးမြှင့်ပေးနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန် ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတအိုဘားမားက ဘက်စ်ကတ်ဘော ချန်ပီယံ(ဟောင်း)များဖြစ်ကြသော မိုက်ကယ်ဂျော်ဒန် နှင့် Kareem Abdul-Jabbar တို့နှစ်ဦးအပါအဝင် လူပုဂ္ဂိုလ် ၂၁ ဦးအား သမ္မတ၏ လွတ်လပ်ခြင်းဆုတံဆိပ်ကို အိမ်ဖြူတော်၌ နိုဝင်ဘာလ ၂၂ ရက်က ပေးအပ်ခဲ့ကြောင်း သိရသည်။

“ သိပ္ပံပညာရှင်တွေ ၊ လူမှုဝန်ထမ်းစေတနာရှင်တွေ ၊ ပြည်သူ့ဝန်ဆောင်မှုလှုပ်ရှားသူတွေ ၊ အားကစားသမားတွေ နဲ့အနုပညာရှင်တွေ ပါဝင်တဲ့ ကဏ္ဍအသီးသီးက လူပုဂ္ဂိုလ် ၂၁ ဦးဟာ အမေရိကန်နိုင်ငံကို ရှေ့သို့တက်လှမ်းဖို့နဲ့ ကမ္ဘာ တစ်လွှားမှာရှိတဲ့ ပြည်သူ သန်းပေါင်းများစွာအတွက် တွန်းအားပေးကူညီခဲ့လို့အခုလို ဆုတံဆိပ် အပ်နှင်းချီးမြှင့်လိုက်တာပါ” ဟု သမ္မတအိုဘားမားက ဂုဏ်ပြုပြောကြားခဲ့သည်။

“ သမ္မတရဲ့ လွတ်လပ်ခြင်းဆုတံဆိပ်ဟာ ပြည်သူတွေကို အမြင့်ဆုံးပေးအပ်တဲ့ ဆုတံဆိပ်တစ်ခုသာမကပါဘူး။ ခင်းဗျားဟာ ဘယ်နေရာကပဲလာလာ ပြဿနာမရှိသလို ဒီနိုင်ငံကို ပိုမိုကောင်းမွန်အောင်လုပ်ပေးဖို့အခွင့်အရေးရှိတယ်ဆိုတာကို ပြသတဲ့ ဂုဏ်ပြုမှုတစ်ခုပါပဲ” ဟု အိုဘားမားက ဖြည့်စွက်ပြောကြားခဲ့သည်။

အခြား ဆုတံဆိပ်ရရှိသူများထဲတွင် စေတနာရှင် ဘီလ်ဂိတ်တို့ဇနီးမောင်နှံ ၊ ဟာသလူရွှင်တော် Ellen Degeneres ၊ သင်္ချာ နှင့် ကွန်ပြူတာ သိပ္ပံပညာရှင် Margaret H.Hamilton နှင့် အနုပညာရှင်များဖြစ်သော Tom Hanks နှင့် Robert De Niro တို့လည်း ပါဝင်ကြောင်း သိရသည်။

သမ္မတလွတ်လပ်ခြင်းဆုတံဆိပ်ကို အမေရိကန်နိုင်ငံ၏ သမ္မတအဆက်ဆက်က ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံ၌ ပြည်သူတို့အား ပေးအပ်သည့် အမြင့်ဆုံးဆုတံဆိပ် စာရင်းဝင် ( ကွန်ဂရက် ရွှေတံဆိပ်ဆု ) နှင့် အပြိုင်ဆုတံဆိပ်တစ်ခုဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.