North America
အမေရိကန် နိုင်ငံ ဖလော်ရီဒါ ပြည်နယ်ရှိ ဘဏ်၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူအများအပြား ထိခိုက် ဒဏ်ရာ ရရှိ ခဲ့ပြီး သံသယ ရှိသူကို ဖမ်းဆီးထား

ဝါရှင်တန် ၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ)
အမေရိကန် နိုင်ငံ ဖလော်ရီဒါ ပြည်နယ်၌ ဇန်နဝါရီ ၂၃ ရက်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူအများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး သံသယ ရှိသူကို ဖမ်းဆီးမိခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ထိုပစ်ခတ်မှုသည် Sebring မြို့အတွင်းရှိ Suntrust bank တွင် ဖြစ်ပွားခဲ့ပြီး ရဲများက ဘဏ်အား ဝိုင်းရံပြီး နောက် သံသယရှိသူကို လက်နက်ချရန် စည်းရုံး သိမ်းသွင်း နိုင်ခဲ့ကြောင်း ဒေသခံ သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။
ပစ်ခတ်မှု အတွင်း လူအများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့သော်လည်း အသေးစိတ် အချက်အလက်များ မရရှိသေးကြောင်း နယ်မြေ တာဝန်ရှိသူများ၏ ပြောကြားချက်များအား ဒေသခံ သတင်းမီဒီယာက ကိုးကား ဖော်ပြခဲ့ကြသည်။
Sebring မြို့သည် ဖလော်ရီဒါ ပြည်နယ် အလယ်ပိုင်းတွင် တည်ရှိပြီး အော်လန်ဒိုမြို ့တောင်ပိုင်း ၁၄၀ ကီလိုမီတာ ကွာဝေးကြောင်း သိရသည်။(Xinhua)