Connect with us

North America

အစိုးရယန္တရားရပ်ဆိုင်းမှုပြန်မဖွင့်မချင်း သမ္မတထရမ့်အား နိုင်ငံတော် အခြေပြမိန့်ခွန်းပြောကြားမှု မပြုလုပ်ရန် လွှတ်တော်ဥက္ကဋ္ဌ ပြော

အမေရိကန်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီအားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ(Nancy Pelosi) က အစိုးရယန္တရားရပ်ဆိုင်းမှု အားလုံး ပြန်လည် မဖွင့်မချင်း သမ္မတထရမ့်အနေဖြင့် နိုင်ငံတော် အခြေပြမိန့်ခွန်းပြောကြားမှုကို ၎င်းအနေဖြင့် လက်ခံဆောင်ရွက်ပေးသွားမည်မဟုတ်ကြောင်း ၊ လာမည့် ဇန်နဝါရီ ၂၉ ရက်တွင် ပြုလုပ်မည့် ထရမ့်၏ မိန့်ခွန်းပြောကြားမည့်အစီအစဉ်ကိုလည်း ငြင်းပယ်ကြောင်း ဇန်နဝါရီ ၂၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

“ ကျွန်မအနေနဲ့သမ္မတကို စာရေးသားအသိပေးလိုက်ပါတယ်။ အစိုးရယန္တရားရပ်ဆိုင်းမှု ပြန်မဖွင့်မချင်း လွှတ်တော်ထဲမှာ သမ္မတက နိုင်ငံတော်မိန့်ခွန်း လာပြောမယ့်ကိစ္စကို အောက်လွှတ်တော်က လုံးဝ ခွင့်ပြုမှာမဟုတ်ပါဘူး” ဟု ပလိုစီက ဆိုသည်။

ပလိုစီက ထရမ့်အတွက်လွှတ်တော်သို့လာရောက်ရှင်းလင်းရန် ဇန်နဝါရီ ၃ ရက်အထိ အချိန်တိုးမြှင့်ပေးခဲ့ကြောင်းပြောကြားခဲ့သည်။ “ ဇန်နဝါရီ ၂၉ ရက်က အစိုးရယန္တရားရပ်ဆိုင်းမှု ဖြစ်နေတဲ့ကာလမို့ထည့်စဉ်းစားစရာမလိုပါဘူး” ဟု ၎င်းကဆိုသည်။

အမေရိကန်အစိုးရယန္တရားတစ်စိတ်တစ်ပိုင်းရပ်ဆိုင်းမှုသည် နယ်စပ်တံတိုင်းတည်ဆောက်ရေးအတွက် ထရမ့်၏ ဘက်ဂျက်တောင်းခံမှုအပေါ် သဘောတူညီချက် မရရှိခဲ့ခြင်းမှ အစပြုခဲ့ခြင်းဖြစ်ပြီး ၊ ယခုအခါ ရက်ပေါင်း ၃၃ ရက်ထိ ကြာမြင့်လာခဲ့ပြီဖြစ်သည်။

သမ္မတထရမ့်က ဇန်နဝါရီ ၂၉ ရက်တွင် အထက်အောက်လွှတ်တော်နှစ်ရပ်ပေါင်း အစည်းအဝေး၌ မိန့်ခွန်းပြောကြားမည့်အကြောင်း စာတစ်စောင်ထုတ်ပြန် ကြေညာခဲ့ပြီနောက် ပလိုစီက ထရမ့်၏ စာပါအကြောင်းအရာကို လက်မခံနိုင်ကြောင်း တုံ့ပြန်ရေးသားလိုက်ခြင်းဖြစ်သည်။

အမေရိကန်အစိုးရယန္တရား ရပ်ဆိုင်းမှုကြောင့် ပြည်ထောင်စုအစိုးရဝန်ထမ်းပေါင်း ၈ဝ,ဝဝဝ ကျော် အလုပ်ရပ်နားနေရခြင်း(သို့မဟုတ်) လစာမဲ့လုပ်ကိုင်နေရခြင်းကို ထရမ့်အနေဖြင့် ပြန်လည်သုံးသပ်ရန် ပလိုစီက ဇန်နဝါရီ ၁၆ ရက်တွင်ပြောကြားခဲ့သည်။

ပလိုစီ၏အကြံပြုချက်နှင့်ပတ်သက်၍ ထရမ့်က အစိုးရယန္တရားရပ်ဆိုင်းမှုကြောင့် မည်သည့်လုံခြုံရေးအန္တရာယ် ကျရောက်နိုင်ဖွယ် မရှိကြောင်းကို အမိမြေလုံခြုံရေးဌာနက အာမခံထားကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ပလိုစီ၏ တုံ့ပြန်ရေးသားချက်အပေါ် ထရမ့်က သတင်းသမားများနှင့်တွေ့ဆုံစဉ် “ မအံ့သြပါဘူး။ ဒီမိုကရက်တစ်တွေ ဖြစ်ပျက်နေတာက သိပ်ကို ရှက်စရာကောင်းတယ်။သူတို့ဟာ အစွန်း ရောက်တွေ ဖြစ်နေပြီ ” ဟု ဆိုသည်။

အစိုးရယန္တရားရပ်ဆိုင်းမှုကို မကြာခင်ပြန်လည် ဖွင့်လှစ်နိုင်ရန် ထရမ့် နှင့် ဒီမိုကရက်တစ်ပါတီ ကွန်ဂရက်အမတ်များအကြား ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အခြေပြမိန့်ခွန်းသည် နှစ်ပတ်လည် မိန့်ခွန်းတစ်ခုဖြစ်ပြီး လာမည့်နှစ်အတွက် အစိုးရ၏ နိုင်ငံရေးရည်မှန်းချက်များကို သမ္မတက ထုတ်ဖော်ပြောကြားရသည့် မိန့်ခွန်းဖြစ်သည်။

အဆိုပါမိန့်ခွန်းကို ပုံမှန်အားဖြင့် ဇန်နဝါရီလကုန်ပိုင်းတွင် ကျင်းပသော အထက်၊အောက်လွှတ်တော် နှစ်ရပ်စလုံး၏ ပူးတွဲ အစည်းအဝေး၌ ပြောကြားရခြင်းဖြစ်ပြီး အဆိုပါ မိန့်ခွန်းပြောကြားမှုကို ရုပ်သံမှတဆင့် တစ်နိုင်ငံလုံးသို့ထုတ်လွှင့်ပြသရခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.