North America
အယ်လ်ဆာဗေးဒိုးနိုင်ငံတွင် မြေပြိုမှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ၃၀ ကျော်ပျောက်ဆုံးနေကြောင်း အစိုးရ အတည်ပြု

TEGUCIGALPA ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)
အယ်လ်ဆာဗေးဒိုးနိုင်ငံ မြို့တော် San Salvador ၏ Nejapa မြူနီစီပယ်တွင် အောက်တိုဘာ ၂၉ ရက် ညပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး လူ ၃၀ ကျော် ပျောက်ဆုံးနေကြောင်း ဒေသဆိုင်ရာ မြို့ပြကာကွယ်ရေး အာဏာပိုင်အဖွဲ့က အောက်တိုဘာ ၃၀ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။
အမျိုးသား မြို့ပြကာကွယ်ရေးစနစ် အဆိုအရ San Salvador မီးတောင်အနီးဒေသတွင် မိုးကြီးမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး လူနေအိမ် ၅၀ ခန့် ထိခိုက်ခဲ့သလို ကံမကောင်းစွာဖြင့် လူသေဆုံးမှုများဖြစ်ပွားခဲ့ကြောင်း အယ်လ်ဆာဗေးဒိုးသမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
“ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်တာကြောင့် ယခုကိန်းဂဏန်းတွေက ကနဦးသာဖြစ်ပါတယ်” ဟု ကြေညာချက်တွင် ပြောကြားထားသည်။
အယ်လ်ဆာဗေးဒိုးနိုင်ငံ Nejapa မြူနီစီပယ်တွင် မြေပြိုမှုဖြစ်ပွားသည့်နေရာ၌ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- Alexander Pena/Xinhua)

အယ်လ်ဆာဗေးဒိုးနိုင်ငံ Nejapa မြူနီစီပယ်တွင် မြေပြိုမှုဖြစ်ပွားသည့်နေရာ၌ အမျိုးသမီးတစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ- Alexander Pena/Xinhua)
ပြည်ထဲရေးဝန်ကြီးနှင့် အမျိုးသား မြို့ပြကာကွယ်ရေး ကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ Mario Duran က “ကျွန်တော်တို့ လောလောဆယ်မှာ ရုပ်အလောင်း ၆ လောင်း ရှာဖွေတွေ့ရှိထားတယ်” ဟု အစီရင်ခံစာတွင်ပြောဆိုထားပြီး လူ ၃၀၀ ဝန်းကျင်က ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
“ပြည်ထဲရေးဝန်ကြီး Mario Duran ၊ အမျိုးသား ကာကွယ်ရေးဝန်ကြီး Rene Merino Monroy နဲ့ မြို့ပြကာကွယ်ရေး ညွှန်ကြားရေးမှူး Willian Hernandez တို့က မြေပြိုမှုဒဏ်ခံခဲ့ရသူများအား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးတွေမှာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် ယင်းဒေသသို့ ရောက်ရှိလာခဲ့သည်” ဟု ထုတ်ပြန်ချက်က ဆိုသည်။
အယ်လ်ဆာဗေးဒိုးနိုင်ငံ Nejapa မြူနီစီပယ်တွင် မြေပြိုမှုဖြစ်ပွားသည့်နေရာ၌ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- Alexander Pena/Xinhua)
အယ်လ်ဆာဗေးဒိုးနိုင်ငံ Nejapa မြူနီစီပယ်တွင် မြေပြိုမှုကြောင့် ပျက်စီးသွားသည့် အိမ်တစ်လုံးအနီး ဒေသခံများကို တွေ့ရစဉ် (ဓာတ်ပုံ- Alexander Pena/Xinhua)

အယ်လ်ဆာဗေးဒိုးနိုင်ငံ Nejapa မြူနီစီပယ်တွင် မြေပြိုမှုဖြစ်ပွားသည့်နေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- Alexander Pena/Xinhua)
မြေပြိုမှုဖြစ်ပွားသည့် ဧရိယာဝန်းကျင်ရှိ လမ်းများမှာ ပိတ်ဆို့နေပြီး အပျက်အစီးများ ရှင်းလင်းရန်နှင့် ကျောက်တုံးကြီးများကို ဖယ်ရှားရန် စက်ယန္တရားကြီးများဖြင့် ဆောင်ရွက်လျက်ရှိသည်။
လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ မီးသတ်သမားများနှင့် အရေးပေါ်တုံ့ပြန်ရေးသမားများသည် အပျက်အစီးများကို ဆက်လက်ဖယ်ရှားလျက်ရှိပြီး အနံ့ခံခွေးများအသုံးပြုကာ ပျောက်ဆုံးနေသူများကို ရှာဖွေလျက်ရှိကြောင်း သိရသည်။ (Xinhua)