Connect with us

North America

ကနေဒါလွှတ်တော် က အစိုးရ ၏ COVID-19 ရောဂါရင်ဆိုင်ဖြေရှင်းမှု အခြေအနေအပေါ် စုံစမ်းစစ်ဆေးမှုပြုလုပ်မည်

ကနေဒါ နိုင်ငံ ၏ လွှတ်တော်အဆောက်အဦ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အော့တဝါ ၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ အောက်လွှတ်တော် က အတိုက်အခံ ကွန်ဆာဗေးတစ်ပါတီ တင်သွင်းခဲ့သည့် အဆိုပြုချက်ကို အတည်ပြုခဲ့ပြီး ကနေဒါနိုင်ငံဝန်ကြီးချုပ် Justin Trudeau ခေါင်းဆောင်သည့် လစ်ဘရယ်ပါတီအစိုးရ ၏ COVID-19 ရောဂါ ရင်ဆိုင်ဖြေရှင်းမှု အခြေအနေ နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဟု အောက်တိုဘာ ၂၆ ရက်တွင် ကြေညာခဲ့သည်။

ကွန်ဆာဗေးတစ်ပါတီ ကိုယ်စားလှယ် က စုံစမ်းစစ်ဆေးမှုပြုလုပ်သည့် ရည်ရွယ်ချက် သည် အစိုးရ အနေဖြင့် COVID-19 ရောဂါ ပထမလှိုင်းတွင် ဖြစ်ပွားခဲ့သည့် မှားယွင်းမှုများမှ သင်ခန်းစာယူကာ အနာဂတ်တွင် ကပ်ရောဂါအား ပိုမိုကောင်းမွန်စွာရင်ဆိုင်နိုင်ရေး အထောက်အကူဖြစ်စေရန် အတွက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ယင်းအဆိုပြုချက်နှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၁၇၆ နှင့် ကန့်ကွက်မဲ ၁၅၂ မဲဖြစ် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ၊ အဆိုပြုချက်အရ ကနေဒါနိုင်ငံအစိုးရ အနေဖြင့် မတ်လမှစတင်ခဲ့သည့် ဝန်ကြီးချုပ်ရုံး ၊ အကြံပေးကောင်စီ ၊ ကျန်းမာရေးဝန်ကြီးဌာန ၊ အများပြည်သူကျန်းမာရေးဌာန စသည့်ဌာန များ၏ COVID ကပ်ရောဂါ နှင့်သက်ဆိုင်သော အီးမေးလ်များ ၊ စာရွက်စာတမ်းများ ၊ မှတ်တမ်းများကို ထောက်ပံ့ပေးရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပြုချက်တင်တွင်းခဲ့ပြီးနောက်တွင် ကနေဒါနိုင်ငံသက်ဆိုင်ရာဌာနများ နှင့် အစိုးရ ၏ အပြင်းအထန်ကန့်ကွက်မှုများဖြင့် ကြုံတွေ့ခဲ့ရသည်။ ကနေဒါနိုင်ငံမှ လုပ်ငန်းကုမ္ပဏီအများ ၊ အဖွဲ့အစည်းများ နှင့် ပညာရှင်များက အစိုးရနှင့် ကာကွယ်ရေးပစ္စည်းများထုတ်လုပ်သည့် ကုမ္ပဏီများအကြား အပေးအယူလုပ်သည့် လျှို့ဝက်စာရွက်စာတမ်းများ ပေါက်ကြားစေခြင်းသည် ကနေဒါနိုင်ငံ ကုန်ထုတ်လုပ်ငန်းအပေါ် ပိုမိုထိခိုက်စေမည်ဖြစ်ပြီး ကနေဒါနိုင်ငံ ၏ နိုင်ငံတကာ၌ ဂုဏ်သတင်းကိုလည်း ထိခိုက်စေမည်ဖြစ်ကြောင်း ပြောကြား ခဲ့ကြသည်။

ကနေဒါနိုင်ငံ အများပြည်သူဝန်ဆောင်မှု နှင့် ကုန်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး က အဆိုပြုချက်အတည်ပြုလိုက်သောကြောင့် COVID-19 ရောဂါကာကွယ်ဆေး ထုတ်လုပ်သည့် လုပ်ငန်းကုမ္ပဏီ နှင့် ကာကွယ်ရေးဝတ်စုံထုတ်လုပ်သည့် ကုမ္ပဏီများက အစိုးရ နှင့် ပူးပေါင်းဆောင်ရွက်မှုကို စွန့်ခွာသွားနိုင်ကြောင်း ၊ ကာကွယ်ဆေး ၊ PPE ဝတ်စုံ နှင့် ရောဂါစစ်ဆေးမှု ကိရိယာ စသည့် စာချုပ်များ ပယ်ဖျက်သွားမည့် အန္တရာယ်ရှိကြောင်း ပြောကြား ခဲ့သည်။ (Xinhua)