North America
အယ်လ်ဆာဗေးဒိုး နိုင်ငံ တောင်ပိုင်း ပင်လယ်ပြင် တွင် ပြင်းအား ၅.၈ အဆင့်ရှိ ငလျင် လှုပ်ခတ်

မက္ကဆီကိုစီးတီး ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)
အယ်လ်ဆာဗေးဒိုး နိုင်ငံ ပတ်ဝန်းကျင် နှင့် သဘာဝ အရင်းအမြစ် ဝန်ကြီးဌာန က အောက်တိုဘာ ၂၈ ရက် တွင် နိုင်ငံတောင်ပိုင်း ပင်လယ်ပြင် ၌ ပြင်းအား ၅.၈ အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့ပြီး လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိမှု နှင့် ပတ်သက်၍ မသိရှိရသေးကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။
အယ်လ်ဆာဗေးဒိုး နိုင်ငံ Sonsonate ပြည်နယ် အနောက်တောင်ပိုင်း ကီလိုမီတာ ၉၀ အကွာအဝေး ရှိ ပင်လယ်ပြင် တွင် အောက်တိုဘာ ၂၈ ရက် ၁၆ နာရီ ၂၃ မိနစ် အချိန် ၌ ငလျင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ငလျင် မှာ မြေအောက် အနက် ၂၀ ကီလိုမီတာ သို့ ဗဟိုပြု လှုပ်ခတ် ခဲ့ခြင်း ဖြစ်ကြောင်း ၊ ငလျင် လှုပ်ခတ်မှုကြောင့် အယ်လ်ဆာဗေးဒိုး နိုင်ငံ မြို့တော် တွင် ပြင်းထန်သည့် လှုပ်ခတ်မှု မခံစားခဲ့ရကြောင်း နှင့် ဆိုနာမီ သတိပေးကြေညာချက် ထုတ်ပြန် ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။
အမေရိကန် နိုင်ငံ ဘူမိဗေဒ ဌာန ၏ သတင်း ထုတ်ပြန်ချက်အရ အယ်လ်ဆာဗေးဒိုး နိုင်ငံ Sonsonate ပြည်နယ် အနောက်တောင်ပိုင်း တွင် အောက်တိုဘာ ၂၈ ရက် ၌ ပြင်းအား ၆.၁ အဆင့်ရှိ ငလျင် တစ်ခု လှုပ်ခတ် ခဲ့ကြောင်း သိရှိရသည်။(Xinhua)