Connect with us

North America

အမေရိကန်နိုင်ငံ ပင်ဆူဗေးနီးယား၌ ပစ်ခတ်မှုဖြစ်ပွားရာ လူ ၁၁ ဦးသေဆုံး

သေနတ်ပစ်ခတ်မှုဖြစ်ပွားသော နေရာ၌ လုံခြုံရေးအတားအဆီးများပြုလုပ်ထား သည်ကိုတွေ့ ရစဉ်(ဆင်ဟွာ)

ပင်ဆူဗေးနီးယား ၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ပင်ဆူဗေးနီးယားမှ အမျိုးသားတစ်ဦးသည် Pittsburgh မြို့တွင် အောက်တိုဘာ ၂၇ ရက် ညပိုင်းက သေနတ်ပစ်ခတ်မှုကျူးလွန်ခဲ့ရာ အနည်းဆုံး လူပေါင်း ၁၁ ဦးသေဆုံးခဲ့ရပြီး အခြား ၆ ဦး ထိခိုက်ဒဏ်ရာရ သွားကြောင်းသိရသည်။

အဆိုပါ သေနတ်သမားကို လက်နက်မှု နှင့် အကြမ်းဖက်မှု အပါအဝင် ပြစ်မှုပေါင်း ၂၉ ခုဖြင့် တရားစွဲဆိုလိုက်ကြောင်း ပြည်ထောင်စုအစိုးရရှေ့နေများက ဆိုသည်။အခင်းဖြစ်စဉ် နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် တို့က ပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရသည်။ (Xinhua)