Connect with us

North America

အလယ်အမေရိကတိုက် နိုင်ငံသုံးနိုင်ငံသို့ ကူညီထောက်ပံ့မှုများကို လျှော့ချရပ်ဆိုင်း သွားမည်ဟု ထရန့်က ဆို

သမ္မတ ထရန့် အောက်တိုဘာ ၂၂ ရက်က အိမ်ဖြူတော်တွင် မီဒီယာများနှင့်တွေ့ဆုံစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ အောက်တိုဘာ ၂၃ ရက်(ဆင်ဟွာ)

အလယ်အမေရိကတိုက် နိုင်ငံများဖြစ်သည့် ဟွန်ဒူးရပ်စ်(Honduras)၊ကွတီမာလာက (Guatemala) နှင့် အယ်လ်ဆာဗေးဒိုး(Salvador)နိုင်ငံများက အမေရိကန်သို့ ၎င်းနိုင်ငံများမှ ရွှေ့ပြောင်းသည့် လူထု အား မတားဆီးနိုင်သည့်အတွက် အဆိုပါနိုင်ငံသုံးနိုင်ငံသို့ကူညီထောက်ပံ့မှုများကို လျှော့ချ ရပ်ဆိုင်းမှု များ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ထရန့်က အောက်တိုဘာ ၂၂ ရက် တွင် ပြောကြားခဲ့သည်။

ဟွန်ဒူးရပ်စ်၊ကွတီမာလာကနှင့် အယ်လ်ဆာဗေးဒိုးနိုင်ငံများအနေဖြင့် မိမိနိုင်ငံအတွင်းမှ ပြည်သူများ ထွက်ခွာမှုနှင့် တရားမဝင်အမေရိကန်သို့ ရွှေ့ပြောင်းနေမှုများကို မတားဆီးနိုင်သောကြောင့် ၎င်းနိုင်ငံများသို့ ကူညီထောက်ပံ့မှုများကို လျှော့ချရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ထရန့်က ၎င်း၏တွစ်တာလူမှုကွန်ရက်တွင် ရေးသားထားသည်။

သို့သော် အမေရိကန်၏ကူညီထောက်ပံ့မှုများမည်သည့်အချိန်တွင် စတင်လျှော့ချရပ်ဆိုင်းမည်ကိုမူ ထရန့်က ပြောကြားထားခြင်းမရှိကြောင်း သိရသည်။ဟွန်ဒူးရပ်စ်၊ ကွာတီမာလာကနှင့် အယ်လ်ဆာဗေးဒေါစသည့် နိုင်ငံများမှ ထောင်နှင့်ချီသောပြည်သူများ သည် အောက်တိုဘာ ၂၁ ရက်က နယ်စပ်ကို ဖြတ်ကျော်၍ မက္ကဆီကိုနိုင်ငံတောင်ပိုင်းကို ဝင်ရောက်ခဲ့ ရာ ဆက်လက်ပြီးအမေရိကန်နိုင်ငံသို့ ဝင်ရောက်ရန် စီစဉ် နေကြောင်း အမေရိကန် သတင်းမီဒီယာ များ၏ဖော်ပြချက်များအရ သိရသည်။

ထရန့်အစိုးရသည် ၎င်းအာဏာရသည့် ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ၎င်းနိုင်ငံများသို့ထောက်ပံ့မှုကို တဖြေးဖြေးလျှော့ချလျက်ရှိကြောင်း သိရသည်။ အမေရိကန်နိုင်ငံ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (၂၀၁၈ခုနှစ် အောက်တိုဘာ ၁၀ ရက် မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက် အထိ) တွင် အဆိုပါ နိုင်ငံသုံးနိုင်ငံသို့ကူညီထောက်ပံ့ရေးစရိတ်မှာ အမေရိကန် ဒေါ်လာသန်း ၁၈၀ ခန့် ဖြစ်ပြီး ၂၀၁၆ ဘဏ္ဍာနှစ်နှင့်ယှဉ်လျှင် ၄၀ ရာခိုင်နှုန်းခန့် လျော့နည်းသွားကြောင်း အမေရိကန်အစိုးရ ပြည်ပကူညီ ထောက်ပံ့ရေးဝက်ဘ်ဆိုလ်ဘ်၏ အချက်အလက်များတွင် ဖော်ပြထားသည်။ (Xinhua)