Connect with us

North America

အိန္ဒိယနှင့် တူရကီ၏ အကောက်ခွန်သက်သာခွင့်ကို အမေရိကန်အစိုးရက ဖျက်သိမ်းရန် စီစဉ်

အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Robert Lighthizerအား ၂၀၁၈ခုနှစ် မေလ ၁ရက်က ၀ါရှင်တန်တွင် ကျင်းပသည့် စီးပွားရေးဆွေးနွေးမှုဖိုရမ်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၅ ရက်(ဆင်ဟွာ)

အမေရိကန်အစိုးရက သမ္မတထရမ့်၏ညွှန်ကြားချက်အရ အိန္ဒိယနှင့် တူရကီ၏ အကောက်ခွန် သက်သာခွင့်(GSP)ကို ဖျက်သိမ်းရန် စီစဉ်နေကြောင်း အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Lighthizerက မတ်လ ၄ ရက်တွင် ပြောကြားခဲ့သည်။

အိန္ဒိယအနေဖြင့် လုပ်ငန်းအများအပြားတွင် အမေရိကန်အတွက် သင့်တင့်လျောက်ပတ်၍ တရားမျှတမှုရှိသည့် ဈေးကွက်ဝင်ရောက်မှုအခြေအနေကို ဖန်တီးပေးရန် အာမခံမှုမရှိသောကြောင့် ၎င်း၏အကောက်ခွန်သက်သာခွင့်ကို ရပ်စဲတော့မည်ဖြစ်ကြောင်း အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံး(USTR)၏ မတ်လ ၄ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ တစ်ချိန်တည်းမှာပင် တူရကီသည် စီးပွားရေးဖွံ့ဖြိုးလာပြီဖြစ်သောကြောင့် အမေရိကန်ဈေးကွက်သို့ ဝင်ရောက်သည့် သက်သာခွင့်ကိုဆက်လက်မခံစားသင့်တော့ကြောင်း ဖော်ပြထားသည်။

ဥပဒေသတ်မှတ်ချက်များအရ အကောက်ခွန်သက်သာခွင့်(GSP)ကို ဖျက်သိမ်းရန် အမေရိကန် လွှတ်တော်နှင့် သက်ဆိုင်ရာနိုင်ငံအစိုးရကို အသိပေးအကြောင်းကြားရမည်ဖြစ်ကာ အနည်ဆုံး ရက် ၆၀ ကြာမှ အကျုံးဝင်နိုင်မည်ဖြစ်ပြီး အမေရိကန်သမ္မတ၏ကြေညာချက်မှတစ်ဆင့် ထုတ်ပြန်ကြေညာ ရမည်ဖြစ်ကြောင်း သိရသည်။

အကောက်ခွန်သက်သာခွင့်(GSP)သည် ဖွံ့ဖြိုးပြီးနိုင်ငံများက ဖွံ့ဖြိုးဆဲနိုင်ငံများမှတင်သွင်းသော ကုန်ချောပစ္စည်းနှင့် တစ်ဝက်ကုန်ချောပစ္စည်းများကို အကောက်ခွန် သက်သာခွင့်ပေးသည့် နိုင်ငံတကာကုန်သွယ်မှုစနစ်တစ်မျိုးဖြစ်ရာ MFN အခွန်နှုန်းထားပေါ်တွင် ထပ်မံအခွန်လျှော့ပေါ့ပေး သော သို့မဟုတ် လုံးဝအခွန်ကင်းလွတ်ခွင့်ပေးသော ခံစားခွင့်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.