Connect with us

North America

အိုဟိုင်းအိုးရှိ ကျောင်းတစ်ခုတွင် သေနတ်ပစ်ခတ်မှုကြောင့် ကျောင်းသား ၄ ဦး ဒဏ်ရာရ

Madison အလယ်တန်း/ အထက်တန်းကျောင်းတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ မတ် ၁ ရက် (ဆင်ဟွာ)

အိုဟိုင်းအိုးပြည်နယ်ရှိ ကျောင်း စားသောက်ဆိုင်တစ်ခု၌ ဖေဖော်ဝါရီလ ၂၉ ရက်က အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကျောင်းသား ၄ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံ မီဒီယာ၏ သတင်းတင်ပြချက်အရ သိရသည်။

အမေရိကန် တီဗွီနက်ခ်ဝပ် ABC သတင်းဋ္ဌာနအရ အိုဟိုင်းအိုး ပြည်နယ် Middletown မြို့ရှိ Madison အလယ် တန်း/ အထက်တန်းကျောင်းက ကျောင်းသားနှစ်ဦးကို သေနတ် ပစ်ခတ်မိခြင်း ဖြစ်ပြီး ကျန် နှစ်ဦးမှာ သေနတ် ကျည်ဆံအစများ ထိမှန်ခဲ့သောကြောင့် ဒဏ်ရာရခြင်းဖြစ်ကြောင်း သိရသည်။ ဒဏ်ရာရသူများအားလုံးမှာ မစိုးရိမ်ရကြောင်း သတင်း ၌ ဖော်ပြထားသည်။

ဒေသအုပ်ချုပ်ရေးမှူး ရှာရစ်ဖ် ရစ်ချက် ဂျုံး (Sheriff Richard Jones) က သေနတ်ပစ်ခတ်သူမှာ သေနတ်ကို ပစ်ချ၍ ထွက်ပြေးသွားခဲ့သော်လည်း ကျောင်းဝင်းအတွင်းမှာပင် ပြန်လည် ဖမ်းမိခဲ့ကြောင်း သတင်းစာရှင်းလင်း ပွဲ၌ ပြောခဲ့သည်။

သေနတ်ပစ်ခတ်ခဲ့ခြင်း အကြောင်းအား ရှင်းရှင်းလင်းလင်း မသိရသေးကြောင်းနှင့် သေနတ်ပစ်ခတ်သူက သေ နတ်ရရှိခဲ့သည့် အကြောင်းအား တာဝန်ရှိသူများက စုံစမ်းနေဆဲ ဖြစ်ကြောင်း ဂျုံးက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.