Connect with us

North America

ဖိအားများ ပြင်းထန်မှုကြောင့် အမေရိကန်က ဘိုးရင်း 737 Max 8 နှင့် 9 လေယာဉ် အားလုံးကို ပျံသန်းခွင့် ပိတ်ပင်

ဘိုးရင်း 737 Max 9 လေယာဉ် တစ်စင်းအား တွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မတ် ၁၄ ရက်(ဆင်ဟွာ)

လွန်ခဲ့သော လများ အတွင်း ဘိုးရင်း 737 Max 8 လေယာဉ် ၂ စင်း ပျက်ကျမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဘိုးရင်း 737 Max 8 နှင့် 9 လေယာဉ် အားလုံးကို ပျံသန်းခွင့် ပိတ်ပင်လိုက်ကြောင်း အဆိုပါ လေယာဉ်များကို အများဆုံး အသုံးပြုနေသည့် အမေရိကန် နိုင်ငံ၏ သမ္မတ ဒေါ်နယ်ထရန့်က မတ် ၁၃ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့ကြောင်း သိရသည်။

“အဲဒီ လေယာဉ် အားလုံး ပျံသန်းမှု ရပ်နားတာကို ချက်ချင်း လုပ်ရမယ်။”ဟု သမ္မတ ဒေါ်နယ်ထရန့်က ဘိုးရင်း ၇၃၇ က လေယာဉ် ပုံစံကွဲ အားလုံးအား ရည်ညွန်း၍ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“အမေရိကန် ပြည်သူတွေ ဘေးကင်းဖို့ဟာ အားလုံးရဲ့အရေးကြီးတဲ့ စိုးရိမ်စရာ ကိစ္စကြီး ဖြစ်နေပါတယ်။”ဟု ထရန့်က ပြောကြားခဲ့သည်။

သမ္မတ ဒေါ်နယ်ထရန့်၏ မှတ်ချက် ပြီးနောက် ဘိုးရင်း 737 Max လေယာဉ် အားလုံးကို အမေရိကန် လေကြောင်းလိုင်းများ သို့မဟုတ် အမေရိကန် နယ်မြေများ အတွင်း ပျံသန်းခွင့် ပိတ်ပင်လိုက်ကြောင်း အမေရိကန် ပြည်ထောင်စု လေကြောင်း ပျံသန်းရေး စီမံခန့်ခွဲမှု ဌာန(FAA) က ထုတ်ပြန် ကြေညာခဲ့သည်။

အမေရိကန် ပြည်ထောင်စု လေကြောင်း ပျံသန်းရေး စီမံခန့်ခွဲမှု ဌာန က ထိုသို့ဆုံးဖြတ်မှုကို အထောက်အကူ ဖြစ်စေမည့် လေယာဉ် ပျက်ကျရာ နေရာတွင် သက်သေ အထောက်အထား အသစ်များအား စုဆောင်းပြီး အဖြေရှာ သွားမည် ဖြစ်ကြောင်း ဆုံးဖြတ်ထားကြောင်း သိရသည်။

လေယာဉ်၏ အချက်အလက် မှတ်တမ်းများ နှင့် လေယာဉ်မှူး အခန်း အသံမှတ်တမ်းတင်မှု အချက်အလက်များ အပါအဝင် နောက်ထပ် စုံစမ်း စစ်ဆေးမှုများ အတွင်း ပျံသန်းမှု ပိတ်ပင်ခြင်းများ ဆက်လက် ရှိနေအုံးမည် ဖြစ်ကြောင်း FAA ၏ ထုတ်ပြန်မှုတွင် ပြောကြားထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.