North America
A9 အမျိုးအစား မှန်မဲ့ နောက်ဆုံးပေါ် ကင်မရာကို Sony ထုတ်ဖော်ပြသ
![ဆိုနီမှ အသစ်ထုတ်လုပ်လိုက်သော မှန်မဲ့ A9 ကင်မရာတစ်လုံးအားတွေ့ ရစဉ်(ဆင်ဟွာ)](https://xinhuamyanmar.com/wp-content/uploads/2017/04/images_world_2017_04_20e1.jpg)
နယူးယောက် ၊ ဧပြီ ၂ဝ ရက် (ဆင်ဟွာ)
ဆိုနီ(Sony) ကုမ္ပဏီက ၎င်းတို့အသစ်ထုတ်လုပ်လိုက်သော A9 အမျိုးအစား မှန်မဲ့ နောက်ဆုံးပေါ်ကင်မရာ ကို အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ဧပြီလ ၁၉ ရက်က ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ အသစ်ထုတ်လုပ်လိုက်သော A9 အမျိုးအစားကင်မရာတွင် ၂၄.၂ မီဂါပစ်ဇယ်လ် ရှိ CMOS ဆင်ဆာစနစ်ကို တပ်ဆင်ထားပြီး blackout မပါဘဲ 20fps ပုံရိပ်ထွက်ရန် ဆက်တိုက်ရိုက်ယူနိုင်ကြောင်း နှင့် ၆၉၃ autofocus points အလိုအလျှောက် ဆုံမှတ်များဖြတ်နိုင်ခြင်းတို့ကို ပြုလုပ်နိုင်ကြောင်း သိရသည်။
ဆိုနီမှ အသစ်ထုတ်လုပ်လိုက်သော မှန်မဲ့ A9 ကင်မရာတစ်လုံးအားတွေ့ရစဉ်(ဆင်ဟွာ)

ထို့ပြင် A9 သည် 4k ဗီဒီယို ၊ ကင်မရာတည်ငြိမ်ထိန်းချုပ်စနစ် 5-axis တို့ကို တပ်ဆင်ထားကြောင်း ၊ SD ဆင်းကတ် ထည့်ပေါက် နှစ်ခုပါဝင်ပြီး လက်ထိ(touchscreen) နှင့် ချိတ်ဆက်မှုပြုလုပ်နိုင်သည့် ကြိုးပေါက် (ethernet port ) တစ်ခုပါဝင်ကြောင်း သိရသည်။(Xinhua)