North America
အမေရိကန်သည် ၎င်း၏ B-2 ဗုံးကျဲ လေယာဉ်များအား အာရှ-ပစိဖိတ်ဒေသသို့ ဖြန့်ကျက် စေလွှတ်
ဝါရှင်တန်၊ မတ် ၁၀ ရက် (ဆင်ဟွာ)
အမေရိကန် ကာကွယ်ရေး ဦးစီးဌာနက အမေရိကန် စစ်တပ်သည် B-2 ဗုံးကျဲလေယာဉ် သုံးစီးအား လေ့ကျင့်ရေး မစ်ရှင် တစ်ခု ပြုလုပ်ရန် အာရှ-ပစိဖိတ် ဒေသသို့မတ်လ ၈ ရက်က ဖြန့်ကျက် စေလွှတ်ခဲ့ကြောင်း မတ်လ ၉ ရက်နေ့တွင် ကြေညာခဲ့သည်။
ကာကွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်ချက်တစ်ခု၌ B-2 ဗုံးကျဲ လေယာဉ်များသည် ၎င်း၏ မိတ်ဖက် လေတပ်များ နှင့် ပူးပေါင်း ဆက်သွယ်၍ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ထုတ်ပြန်ချက်၌ ဗုံးကျဲလေယာဉ်များသည် လေ့ကျင့်မှုများ၏ မည်သည့် နေရာတွင် ပါဝင်ကြောင်း နှင့် အချိန်မည်မျှ ကြာမြင့်မည် ဖြစ်ကြောင်းကို ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။
မြောက်ကိုရီယားနိုင်ငံ (DPRK) က မကြာသေးမီက ပြုလုပ်ခဲ့သည့် နျူကလီးယား စမ်းသပ်မှုနှင့် တာဝေးဒုံးပျံ ပစ်လွှတ်မှုကြောင့် ကိုရီးယားကျွန်းဆွယ် ၌ တင်းမာမှုများ ကြီးထွားလာသည့် ကြားထဲမှ အမေရိကန်နိုင်ငံသည် စစ်ရေးလှုပ်ရှားမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် ပြောကြားထားကြောင်း သိရသည်။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် မတ်လ ၂ ရက်တွင် မြောက်ကိုရီးယားနိုင်ငံ (DPRK) အပေါ် ပြင်းထန် သည့် ပိတ်ဆို့မှု အသစ်များကို ချမှတ်ခဲ့ကြောင်း သိရသည်။ ယင်းပိတ်ဆို့မှုများတွင် မြောက်ကိုရီးယားနိုင်ငံ (DPRK) သို့ ပို့ဆောင်မည့် (သို့) မြောက်ကိုရီးယားနိုင်ငံ (DPRK) မှ ပို့ဆောင်မည့် ကုန်ပစ္စည်းများကို ပိတ်ဆို့တားဆီးသွားခြင်း၊ မြောက်ကိုရီးယားနိုင်ငံ (DPRK) မှ ကျောက်မီးသွေးနှင့် တွင်းထွက် ပစ္စည်းတင်ပို့မှုများကို ပိတ်ဆို့ တားဆီးခြင်းတို့ပါဝင်ကြောင်း သိရသည်။ (Xinhua)