Connect with us

North America

မစ္စစ္စပီ ပါတီကိုယ်စားပြု အကြို ရွေးကောက်ပွဲတွင် ဟီလာရီ ကလင်တန် ဦးဆောင်

ဒီမိုကရက်တစ်ပါတီမှ ဟီလာရီ ကလင်တန် အားတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၉ ရက် (ဆင်ဟွာ)

မတ်လ ၈ ရက်က မစ္စစ္စပီ၌ ပြုလုပ်သည့် ဒီမိုကရက်တစ် ပါတီကိုယ်စားပြု အကြို ရွေးကောက်ပွဲတွင် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်က ၎င်း၏ ပါတီအတွင်း တစ်ဦးတည်း ပြိုင်ဘက် ဖြစ်သည့် ဗားမောင့် အထက်လွှတ်တော်အမတ် ဘာနီး ဆန်းဒါးစ်အား အပြတ်အသတ် အနိုင်ရကာ ပါတီကိုယ်စားပြု သမ္မတ လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရန် ရွေးချယ်ပွဲ၌ ဦးဆောင်လျက်ရှိကြောင်း ဒေသခံ မီဒီယာက ဖော်ပြ ထားသည်။

ကလင်တန် အနိုင်ရရှိကြောင်း မဲရုံ ပိတ်သိမ်းချိန် ဒေသစံတော်ချိန် ည ၈း၀၀ နာရီ အချိန်၌ ကြေညာခဲ့သည်။ ထိုသို့ အသာစီး အောင်မြင်မှု ရရှိခြင်းမှာ ဒေသခံ လူမည်း မဲဆန္ဒရှင်များ၏ အခိုင်အမာ ထောက်ခံမှုကြောင့်ဟု ဆို သည်။

မီချီဂန်ပြည်နယ် ပါတီ ကိုယ်စားပြု အကြို ရွေးကောက်ပွဲတွင် အစောပိုင်း ရလဒ်များ အရ ကလင်တန်နှင့် ဆန်းဒါးစ်တို့ အနိုင်အရှုံး မကွဲပြားသေးကြောင်း သိရသည်။
ရီပက်ဘလစ်ကန် ပါတီဘက်တွင် နယူးယောက် အိမ်ခြံမြေ သူဋ္ဌေးကြီး ဒေါ်နယ် ထရမ့်က မစ္စစ္စပီနှင့် မီချီဂန် ပြည်နယ် နှစ်ခု၌ အနိုင်ရရှိခဲ့ပြီး ၎င်း၏ နောက်တွင် တက္ကဆက်ပြည်နယ် အထက်လွှတ်တော်အမတ် တက်ဒ် ခရုဇ်၊ ဖလော်ရီဒါပြည်နယ် အထက်လွှတ်တော်အမတ် မာကို ရူဘီယိုနှင့် အိုဟိုင်းအိုးပြည်နယ် အုပ်ချုပ်ရေးမှူး ဂျွန်ကဆစ်တို့က အသီးသီးရှိနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.